ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

 

ရန်ကုန်   ဇူလိုင်    ၆


လတ်တလော   ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉   ရောဂါ   ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို   ယနေ့ နံနက် ၉   နာရီခန့်တွင်   ရန်ကုန်တိုင်း ဒေသကြီး          စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးသို့     ရန်ကုန် တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ   သီတာလှနှင့်    တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန     ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ထွန်းမင်း၊   ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ  သူများ တက်ရောက်ကြသည်။
အခက်အခဲများ ဖြေရှင်းပေး
ရှေးဦးစွာ    တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး က  လတ်တလောဖြစ်ပွား နေဆဲဖြစ်သည့်       ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပျက် ထိထိ ရောက်ရောက် ဆက်လက်ဆောင် ရွက်သွားရေး     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏        ရှေ့ လုပ်ငန်းစဉ်   ၅   ရပ်တွင်   အထူး အလေးထား ထည့်သွင်းထားရှိပြီး ဆောင်ရွက်လျက်            ရှိကြောင်း၊ လတ်တလောတွင် ရောဂါကူးစက် မှုနှုန်း  မြင့်မားလာသည့်အတွက်  ပြည်သူလူထုအတွင်း   ကူးစက်မှု နှုန်းထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉  ရောဂါ  စစ်ဆေးပေးနိုင်မည့် နိုင်ငံပိုင်နှင့်  ပုဂ္ဂလိကပိုင်  ဆေးရုံ၊ ဆေးခန်း၊ စင်တာလိပ်စာ တည် နေရာနှင့်       ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို မိဘပြည်သူ များသို့ အသိပေးရေး၊ ရုံးပိတ်ရက် များနှင့် ညအချိန်များတွင်လည်း ဆေးရုံများတွင် အထူးတာဝန်ချ ထားမည့် အစီအစဉ်များနှင့် လူထု ကြားတွင်        ဖြစ်ပေါ်နေသော အခက်အခဲများ ဖြေရှင်းပေးရေး အတွက်     ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြရန်     ပြောကြား သည်။
အသေးစိတ်ရှင်းလင်း
ထို့နောက်        တိုင်းဒေသကြီး ကုသရေးဦးစီးဌာန        ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  သီတာလှနှင့် ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်းတို့က  တိုင်း ဒေသကြီး      စီမံအုပ်ချုပ်ရေး ကောင်စီ၏   ကြီးကြပ်ညွှန်ကြား မှုဖြင့်  ကိုဗစ်လူနာများကို လက်ခံ ကုသပေးနိုင်ရန်  ပြည်သူ့ဆေးရုံ များနှင့် စင်တာများတွင် ကျန်းမာ ရေး ဝန်ထမ်းများနှင့် သူနာပြုများ ကို   တာဝန်ချထားပေးမှု   အခြေ အနေများ၊ အောက်ဆီဂျင်လိုအပ် မှုများ၊      ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့       ဥက္ကဋ္ဌများက  စင်တာများဖွင့်လှစ်၍ ရောဂါပိုး တွေ့လူနာများကို      ကုသစောင့် ရှောက်ထားရှိမှု အခြေအနေများ နှင့်   ကဏ္ဍအလိုက်  လိုအပ်ချက် များကို   အသေးစိတ်    ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးဇော်ဝင်းနှင့်  ကောင်စီအဖွဲ့ဝင် များ၊ တက်ရောက်လာသူများက ကုသရေးအပိုင်းများ၊ လိုအပ်သော ဆေးပညာရှင်များ၊       စေတနာ့ ဝန်ထမ်း စုဆောင်းထားရှိမှုများ၊ ဆေးရုံများနှင့်  ကိုဗစ်စင်တာ  အခြေအနေများကို            ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ က     တိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများ    ကိုဗစ်-၁၉ ရောဂါ     ကူးစက်မခံရစေရေး အတွက်         အများပြည်သူနှင့် သက်ဆိုင်သော စျေး၊ ဘတ်စ်ကား၊ လူစည်ကားရာ  နေရာများတွင်    သတ်မှတ်ထားသည့် စည်းကမ်း များ  စနစ်တကျ လိုက်နာစေရေး၊ ရောဂါဖြစ်ပွားသည့်   ကျေးရွာ အလိုက်  Stay at Home   ဒေသ   သတ်မှတ်ရေး   တင်ပြရန်နှင့်    ရောဂါဖြစ်ပွားမှု သံသယဖြစ်နေ သူများ၊ ဆေးစစ်နိုင်ရေး၊ ပိုးတွေ့ လူနာများ   ကုသရေး၊     ဆက်စပ် ထိတွေ့သူများကို  ကန့်သတ်ထား ရှိရေး၊   လိုအပ်သည့်     အိပ်ရာ၊   ခြင်ထောင်များ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊      အစားအသောက်          ကျွေးမွေးရေးနှင့် အောက်ဆီဂျင်      ရရှိရေးတို့ကို ဖြည့်ဆည်းဆောင် ရွက်ပေးမည့် အစီအစဉ်များနှင့်  လိုအပ်သည့်များကို မှာကြားခဲ့ ကြောင်း သိရသည်။ 
ဆန်းကျော်ဦး (ပြန်/ဆက်)