အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaint Mechanism-NCM) ဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည်

 

နေပြည်တော်   ဩဂုတ်  ၂၁
မြန်မာနိုင်ငံသည်   ILO နှင့်  ပူးပေါင်းကာ   အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍  သက်ဆိုင်သည့်  ဝန်ကြီး ဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။  ၂၀၂၀ ပြည့်နှစ် မှစတင်၍  အမျိုးသားအဆင့်   အဓမ္မခိုင်းစေမှုဆိုင်ရာ   တိုင်ကြားမှု ယန္တရား (National Complaint Mechanism - NCM) ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ   အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့်  ဝန်ကြီးဌာနများမှ   ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထား သော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီမှ  အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို    ကိုင်တွယ်ဖြေရှင်း   ဆောင်ရွက်ပေးလျက် ရှိသည်။
ယခုအခါ မည်သူမဆို အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊   တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်၊   ILO ဆက်သွယ်ရေးအရာရှိရုံး  (ရန်ကုန်)  နှင့် အခြားအဖွဲ့အစည်းများမှ တစ်ဆင့်လည်းကောင်း၊  အလုပ်သမားဝန်ကြီး ဌာန၊ ရုံးအမှတ်(၅၁)၊ နေပြည်တော်သို့  လူကိုယ်တိုင်  (သို့မဟုတ်) စာဖြင့်လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇-၃၄၃၀၂၇၄ နှင့် E-mail လိပ်စာ directorgeneral.dol@gmail.com, moloffice51@gamil.com, research.org.dol.mm@gmail.com များသို့လည်းကောင်း   တိုင်ကြားသူနှင့် အဓမ္မခိုင်းစေခံရသူများ လုံခြုံ စိတ်ချစွာဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရုံးအဖွဲ့၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားနှင့် အလုပ်သမားဝန်ကြီး ဌာနမှ အသိပေးကြေညာထားကြောင်း သိရှိရသည်။         သတင်းစဉ်