
နေပြည်တော် ဇူလိုင် ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် အတူ ဇူလိုင် ၈ ရက်က မအူပင်မြို့နှင့် ဘိုကလေးမြို့တို့ရှိ နယ်စပ်ဒေသတိုင်းရင်း သား လူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်များ၏ သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကျေးဇူးသစ္စာစောင့်သိနေထိုင်
ပြည်ထောင်စုဝန်ကြီးသည် လူငယ် သင်တန်းကျောင်းများမှ ကျောင်းအုပ်၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ စဉ် သင်ကြားပေးနေသော စာပေအတတ် ပညာများကို အပတ်တကုတ် လေ့လာ သင်ယူသွားကြရန်၊ အတတ်ပညာများ အပြင် ပြင်ပဗဟုသုတများကို လေ့လာ ဆည်းပူး၍ အသိပညာများ ဖွံ့ဖြိုးတိုးတက် အောင် အမှန်နှင့်အမှား ကွဲပြားစွာ ဝေဖန် ပိုင်းခြားနိုင်သော လူတော်လူကောင်းများ ဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သွား ကြရန်၊ နိုင်ငံတော်မှ အခမဲ့ပညာသင်ကြား ရေးနှင့် နေထိုင်စားသောက်ရေးတို့ကို အလေးထား ဆောင်ရွက်ပေးထားသည့် အပေါ် ကျေးဇူးသစ္စာစောင့်သိ နေထိုင် သွားကြရန်၊ နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အနာဂတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် လည်း ကျောင်းသင်ခန်းစာများကို အေးချမ်း စွာ လေ့လာသင်ယူနိုင်မည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၊ နည်းပြများအနေဖြင့် ကျောင်းသား ကျောင်းသူများကို စာပေ ပညာရပ်များအပြင် အတွေးအခေါ် အသိ အမြင်နှင့် အယူအဆကောင်းများ၊ ဗလ ငါးတန်နှင့် ပြည့်စုံ၍ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြု ရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ရည်မှန်းချက်များနှင့်အညီ လေ့ကျင့် သင်ကြားပျိုးထောင်သွားကြရန် မှာကြား ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကား ပြောကြားသည်။
နေ့လယ်စာ သုံးဆောင်
ထို့နောက် ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ အားကစား ခန်းမ၊ ကျောင်းသန့်ရှင်းသာယာလှပရေး နှင့် ရာသီသီးနှံစိုက်ပျိုးထားမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး မအူပင် လူငယ်သင်တန်းကျောင်း စားရိပ်သာ၌ ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာကို သုံးဆောင်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မအူပင်မြို့ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဘိုကလေးမြို့အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ ကျန်းမာ ကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု စေရန် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သည့် ဘောလုံးအားကစား ကွင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကာ ထပ်မံ တိုးချဲ့ အဆင့်မြှင့်တင်နိုင်ရေး၊ စုပေါင်း တန်းစီကွင်းနှင့် ဘော်လီဘော၊ ပိုက်ကျော် ခြင်းကွင်းများ ပြုလုပ်ပေးနိုင်ရေးတို့ကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေး၍ ကျောင်းသား ကျောင်းသူများကို အာဟာရ ပြည့် ဖြည့်စွက်စာများ ကျွေးမွေးနိုင်ရေး အတွက် လှူဒါန်းငွေများပေးအပ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းက မြောင်းမြမြို့နယ်အတွင်း ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လပွတ်ကုလား ကျေးရွာအုပ်စုအတွင်းရှိ သမိုင်းဝင် ရွှေဂူကြီးဘုရားအဝင်လမ်း ၄ ဖာလုံ ဖောက်လုပ်ပြီးစီးမှု အခြေအနေကိုလည်း ကောင်း၊ လပွတ်ကုလားကျေးရွာနှင့် (ဝဲဒေါင့်) ဒေါင့်ကြီးကျေးရွာချင်းဆက် လမ်းပေါ်ရှိ (ဝဲဒေါင့်) ဒေါင့်ကြီးတံတား ပြုပြင်တည်ဆောက်ရမည့် အခြေအနေကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဝဲဒေါင့်ကျေးရွာ ဗုဒ္ဓသာသနာ့ ဇောတိပါလဓမ္မာရုံ ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် မြောင်းမြမြို့နယ် သိလ္လာချောင်းဖျားကျေးရွာသို့ ရောက်ရှိပြီး ဂန္ဓာရုံကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် ပြီး မြောင်းမြ - လပွတ္တာလမ်းမှ သိလ္လာ ချောင်းဖျားကျေးရွာသွား ၁ မိုင် ၄ ဖာလုံ မြေလမ်းကို လမ်းအဆင့်မြှင့်တင်နိုင်ရေး မြေပြင်ကြည့်ရှုစစ်ဆေး၍ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ချီးမြှင့်ငွေများ ပေးအပ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်း ကျောင်းခန်းမ၌ အိမ်တွင်းမှုနှင့် စက်မှု လက်မှု သင်တန်းကျောင်းအုပ်များ၏ သင်တန်းကျောင်းဆိုင်ရာ ရှင်းလင်းတင်ပြ မှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးကာ သင်တန်းကျောင်း နှစ်ကျောင်းမှ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူ များကို အမှာစကား ပြောကြား၍ ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထို့နောက် သင်တန်းသူများ၏ လက်တွေ့သင်ကြားနေမှု၊ ချုပ်လုပ်ထားရှိ သည့် လက်ရာများ၊ အိပ်ဆောင်၊ စားရိပ် သာ၊ စတိုဆောင်နှင့် ကျောင်းဝင်းအတွင်း ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှု လက်မှုသင်တန်းကျောင်းသို့ ရောက်ရှိပြီး လက်ကိုင်ဖုန်းပြင်သင်တန်း၊ လျှပ်စစ်သင် တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေး သင်တန်းများတွင် ဘာသာရပ်အလိုက် လက်တွေ့ လေ့ကျင့်သင်ကြားနေမှုနှင့် သင်တန်းသားများ၏ စားသောက်နေ ထိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဦးစီးမှူးရုံး နှင့် သင်တန်းကျောင်းမှ ဝန်ထမ်းများ၊ နည်းပြ၊ ဆရာ ဆရာမများနှင့် သင်တန်း သား သင်တန်းသူများအား တွေ့ဆုံအမှာ စကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်း သားလူငယ်များ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးအတွက် အသက်မွေးဝမ်း ကျောင်းပညာရပ်များ လေ့ကျင့်သင်ကြား ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ကြားပေး သည့် ဘာသာရပ်များကို ကျွမ်းကျင် ပိုင်နိုင်အောင် ကြိုးစားအားထုတ်လေ့ကျင့် သင်ကြားသွားကြရန်၊ တတ်မြောက်ထား သည့် ဘာသာရပ်များကို စဉ်ဆက်မပြတ် အသုံးချ၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်၍ ဝန်ထမ်း များ၊ သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ၊ အဆင့်မြင့်စက်ချုပ် သင်တန်းများ လေ့ကျင့်သင်ကြားနေမှု၊ သင်တန်းသူများ၏ လက်ရာများ၊ သင်တန်းကျောင်း၏ အပ်ချုပ်ဆိုင်၊ မော်တာဆောင်၊ စာကြည့်တိုက်၊ စားရိပ် သာ၊ အိပ်ဆောင်နှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပုသိမ်မြို့၊ တောင်ယာကုန်း၊ ရွာသစ်ကုန်း၊ စမ်းကြီးကုန်းနှင့် ဖိုးရွှေမြ ကုန်း ကျေးရွာတို့မှ လယ်မြေ ၄၈ ဧကတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် ဆိုလာရေတင်စနစ် အသုံးပြု ၍ သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်