မြန်မာနိုင်ငံသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလမ်းပြမြေပုံနှင့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ဇူလိုင်  ၉
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၂) ဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံ အတွက် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လမ်းပြမြေပုံနှင့်  မဟာဗျူဟာများ  ပေါ်ထွက်နိုင်ရန် အတွက်          သိပ္ပံနှင့်    နည်းပညာဆိုင်ရာလက်ရှိ ဆောင်ရွက်နေမှုများနှင့်      အမျိုးသားလူမှုစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေး နေမှုများကို stakeholders များနှင့် ညှိနှိုင်းဆွေးနွေး သည့်    အလုပ်ရုံဆွေးနွေးပွဲ   (Workshop   on Stakeholders’ Consultation for the Myanmar Science, Technology and Innovation Roadmap and Strategies Development) ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က   တက်ရောက်အဖွင့် မိန့်ခွန်းပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်   သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုသည်    ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု၏ အလုံးစုံတိုးတက်မှုအတွက် အဓိကမောင်းနှင်အား တစ်ခုဖြစ်ခြင်းကြောင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဝန်ကြီး ဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် ရင်းနှီး မြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊   ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်         ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊   သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန၊  ကျန်းမာရေး ဝန်ကြီးဌာနနှင့်      ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပညာရှင်များ၊  ကျွမ်းကျင်ပညာရှင်များ၊ UMFCCI မှ ကိုယ်စားလှယ်များ၊ MSMEs အသင်း ကိုယ်စားလှယ် များက    သိပ္ပံ၊ နည်းပညာနှင့်   ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊   လက်ရှိဆောင်ရွက် နေမှုများ၊   လိုအပ်ချက်များ၊   ကွာဟချက်များနှင့် ဆက်လက်အကောင်အထည်     ဖော်ဆောင်ရမည့် လုပ်ငန်းစဉ်များပါဝင်သော     မြန်မာနိုင်ငံအတွက် သိပ္ပံ၊    နည်းပညာနှင့်   ဆန်းသစ်တီထွင်မှုဆိုင်ရာ လမ်းပြမြေပုံ(မူကြမ်း)၊       မဟာဗျူဟာမြောက် ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များ ချမှတ် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို   သိပ္ပံ၊  နည်းပညာနှင့် ဆန်းသစ်တီထွင်မှု   တိုးတက်ရေးအတွက်  သိပ္ပံနှင့် နည်းပညာအုပ်ချုပ်မှု အစီအမံကောင်းများ၊ လုပ်ငန်း ခွင်တွင်   အမှန်တကယ်လိုအပ်သော  အရည်အချင်း ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက်   ဆောင်ရွက်မည့်နည်းလမ်းများ၊  နိုင်ငံ့ စီးပွားရေး၏ အဓိကကျောရိုးဖြစ်သော အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့်ဆန်းသစ် သော        နည်းပညာများအထောက်အကူပြုနိုင်ရန် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်      တက္ကသိုလ်များ၊ သုတေသနဌာနများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် နိုင်ရေး၊ ရေးဆွဲဆောင်ရွက်မည့် လမ်းပြမြေပုံဆောင် ရွက်မည့်      လုပ်ငန်းများကို   လေ့လာဆန်းစစ် အကဲဖြတ် ဆောင်ရွက်မည့်အစီအစဉ် စသည်တို့ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများဖြင့် လမ်းပြမြေပုံနှင့် မဟာဗျူဟာများ ထွက်ပေါ်ရန်အတွက် ရည်ရွယ်ပြီး အုပ်စုဖွဲ့ဆွေးနွေး ခြင်းများ   ပြုလုပ်ဆောင်ရွက်ကြခြင်းဖြစ်ပြီး  ယခု အကြိမ်သည် စတုတ္ထအကြိမ်မြောက် ညှိနှိုင်းဆွေးနွေး ပွဲဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန    ဒုတိယဝန်ကြီး    ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်စပ်ဝန်ကြီး ဌာန  ၁၂ ခုမှ မူဝါဒဆိုင်ရာ ပညာရှင်များ၊ တက္ကသိုလ် များမှ ပါမောက္ခများ၊ UMFCCI မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ MSMEs အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ         တက်ရောက်ခဲ့ကြကြောင်း သိရသည်။                     

သတင်းစဉ်