
နေပြည်တော် ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်ကာ ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ် တို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မော်လိုက်မြို့ နယ် ကျောက်တောင်ရပ်ကွက်၊ တံတားဦး ရပ်ကွက်၊ ကျောက်မြောင်းရပ်ကွက်၊ အောင် မင်္ဂလာရပ်ကွက်၊ သရက်ကုန်းရပ်ကွက်၊ စွယ်တော်ရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ တွန်းပင်ကျေးရွာနှင့် တိန်းသာကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်