
ကွာလာလမ်ပူ ဇူလိုင် ၂
မလေးရှားနိုင်ငံတွင် တစ်နေ့အတွင်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ ၆၉၈၂ ဦး တိုးလာခဲ့မှုနှင့်အတူ နိုင်ငံ အတွင်း စုစုပေါင်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ ၇၆၅၉၄၉ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဇူလိုင် ၂ ရက်က ပြောကြားလိုက်သည်။
ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန် အဗ္ဗဒူလာက ကိုဗစ်- ၁၉ ကူးစက် ဖြစ်ပွားမှုများတွင် သုံးဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၆၉၇၉ ဦး မှာ ပြည်တွင်းကူးစက်ပျံ့နှံ့မှုဖြစ်ကြောင်း ပြောခဲ့သည်။
ကိုဗစ်-၁၉ကြောင့် နောက်ထပ် ၇၃ ဦးသေဆုံးခဲ့မှုနှင့်အတူ စုစု ပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံး သူ ၅၃၂၇ ဦးအထိ တိုးလာခဲ့သည်။
ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွား မှုမှ ပြန်လည်ကောင်းမွန်လာသူ ၆၂၇၈ ဦး ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်- ၁၉ ကင်းစင် သွားသူ ၆၉၄၅၃၈ ဦး သို့မဟုတ် ၉ဝ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။
ဆင်ဟွာ