တူရကီနိုင်ငံတွင် ကပ်ရောဂါအခြေအနေတည်ငြိမ်လာသည့်အတွက် ကန့်သတ်ထားမှုများကို ဖြေလျှော့ပေး

 

အန်ကာရာ   ဇူလိုင်   ၂


တူရကီနိုင်ငံတွင် နေ့စဉ်ကိုဗစ် - ၁၉  ကူးစက်မှု အခြေ အနေမှာ ၅၀၀၀ ဝန်းကျင်တွင်   တည်ငြိမ်နေသည့် အတွက်  ကိုဗစ် - ၁၉  ကြောင့်   ထုတ်ပြန်ထားသည့် ကန့်သတ်ချက်၊ စည်းကမ်းချက်အများစုကို ဖြေလျှော့ ပေးခဲ့သည်ဟု သိရသည်။ စီးပွားရေးလုပ်ငန်းများ၊  ပွဲများ၊ ညဘက်သတ်မှတ်အချိန်အတွင်း အပြင်မထွက် ရ အမိန့်နှင့်   တနင်္ဂနွေနေ့တွင်   ပြုလုပ်လေ့ရှိသည့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်ဟု သိရ သည်။ 


တစ်မြို့နှင့်တစ်မြို့  ကူးသန်းသွားလာခြင်းနှင့် စားသောက်ဆိုင်များတွင်       ဧည့်သည်ဦးရေကို ကန့်သတ်ခြင်းနှင့်      မင်္ဂလာဆောင်ဧည့်ခံပွဲများကို ကန့်သတ်ခြင်းတို့ကိုမူ ဆက်လက်ထားရှိဆဲဖြစ်သည်။ အခြေအနေပေါ်    မူတည်၍  ဂီတဖျော်ဖြေပွဲများနှင့်  ပွဲတော်များ     ကျင်းပခြင်းကို      ခွင့်ပြုပေးမည်ဖြစ်ပြီး ဂီတပွဲများသည်    သန်းခေါင်ယံထက်ကျော်လွန်၍ ကျင်းပခွင့်ပေးမည်  မဟုတ်ပေ။ 


ပါးစပ်နှာခေါင်းစည်းကို  မဖြစ်မနေတပ်ဆင်ရ မည်ဖြစ်သည်။ တူရကီနိုင်ငံတွင် ဇူလိုင် ၁ ရက်က ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၅၂၈၈ ဦးရှိပြီး ၎င်းတို့ထဲ တွင် ရောဂါလက္ခဏာပြသူ ၄၆၂ ဦးပါရှိသည်။ 


ထို့ကြောင့် တိုင်းပြည်အတွင်း စုစုပေါင်းကူးစက် ခံရသူ အရေအတွက်မှာ ၅၄၃၀၉၄၀ ရှိသည်ဟု သိရ သည်။ တူရကီနိုင်ငံတွင် ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ ကာကွယ်ဆေးထိုးနှံခြင်းများ ပြုလုပ်ပေးခဲ့ပြီး ယခု အချိန်အထိ လူပေါင်း ၃၅၁၂၅၀၀၀ ကို ကာကွယ်ဆေး ထိုးပေးခဲ့ပြီးဖြစ်သည်။                                

ဆင်ဟွာ