ပစိဖိတ်နိုင်ငံများသို့ ကိုဗစ် - ၁၉ ကာကွယ်ဆေး သုံးသန်း ဂျပန်နိုင်ငံက ထောက်ပံ့သွားမည်

 

တိုကျို   ဇူလိုင်   ၂


ဂျပန်နိုင်ငံသည် ဇူလိုင်လလယ်မှစတင်ကာ ပစိဖိတ်နိုင်ငံများနှင့် နယ်မြေများသို့ ကိုဗက်အစီအစဉ်မှတစ်ဆင့် ကိုဗစ် - ၁၉ ကာကွယ်ဆေး သုံးသန်းထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် ဆူဂါယိုရှီဟိဒဲက ဇူလိုင် ၂ ရက် တွင် ပြောသည်။ 


ဇူလိုင် ၂ ရက်တွင်    ဂျပန်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ   ခေါင်း ဆောင်များ အွန်လိုင်းမှ   အစည်း အဝေး ပြုလုပ်စဉ်အတွင်း   ဂျပန် ဝန်ကြီးချုပ်က  ယခုလို   ကြေညာခဲ့ ခြင်းဖြစ်သည်။ 


ဂျပန်နိုင်ငံသည်   လွတ်လပ်ပြီး   တရားမျှတမှုရှိသော အင်ဒိုပစိဖိတ် ပဏာမခြေလှမ်းကို   မြှင့်တင်ရန် အတွက်          ရည်ရွယ်သည်။ ကိုဗစ် - ၁၉   ကူးစက်မှုတိုက်ဖျက် ရာတွင်   ကျွန်းနိုင်ငံများနှင့်   ဂျပန် နိုင်ငံတို့ ပူးပေါင်းကာ  ဆက်လက် လုပ်ဆောင်သွားရန်       အတွက် လည်း မစ္စတာဆူဂါက မျှော်လင့် ထားသည်။ 


ထို့ပြင်   ပင်လယ်ရေကြောင်း သွားလာရေး၊ ရာသီဥတုပြောင်းလဲ မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့တွင် ဆက်လက် ပူးပေါင်းဆောင် ရွက်သွားရန်အတွက်  အွန်လိုင်း အစည်းအဝေးတွင်   ပြောကြားခဲ့ ကြသည်။ ကပ်ရောဂါကို   တိုက် ဖျက်ရာတွင်       ဂျပန်နိုင်ငံသည်  ကုလသမဂ္ဂ       ကျောထောက် နောက်ခံပြုထားသည့် ကိုဗက်အစီ အစဉ်မှတစ်ဆင့် ပစိဖိတ်နိုင်ငံများ ကို ကာကွယ်ဆေးများ ဖြန့်ဝေပေး သွားနိုင်ရေး မျှော်လင့်ထားသည်။ 
ဂျပန်နိုင်ငံသည်  ပစိဖိတ်နိုင်ငံ များနှင့် ဒေသတွင်း အစည်းအဝေး ကို    ၁၉၉၇    ခုနှစ်မှစတင်ကာ  နှစ်စဉ် သုံးနှစ်တစ်ကြိမ်  ပြုလုပ် လေ့ရှိသည်။ 
ယခု    တစ်ကြိမ်ပြုလုပ်သည့် အစည်းအဝေးကို  မူလက ရှီးမား တွင်  ပြုလုပ်ရန်   ရည်ရွယ်ထား သော်လည်း   ကိုဗစ် - ၁၉ ကြောင့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှု များ   ပြုလုပ်ထားသည့်အတွက် အွန်လိုင်းမှသာ          ပြုလုပ်ရန်  ဆုံးဖြတ်ခဲ့ရသည်။              

 

ကျိုဒို