မုဒုံမြို့နယ်၌ ကြက်မောက်သီးများလှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိ

 

မုဒုံ     ဇွန်    ၁
မွန်ပြည်နယ်သည်   လယ်ယာသီးနှံ၊   ဥယျာဉ်ခြံ သီးနှံများနှင့်      ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး ပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံ တစ်မျိုးဖြစ်သည့် ရာသီပေါ် ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိကာ ယခင်နှစ်များထက် စျေးကောင်း ရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။
ကြက်မောက်ပင်များကို မြေအမျိုးအစား အများ အပြားတွင် စိုက်ပျိုးနိုင်ပြီး ရေမဝပ်သောနေရာများ၌ စိုက်ပျိုးပါက      ပိုမိုအောင်မြင်ဖြစ်ထွန်းမည်ဖြစ် ကြောင်း၊  အပင်များကို   အစေ့မှပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းဆက်ကိုင်းကူးနည်းများဖြင့် အကျယ် သုံးပေ၊ အနက် သုံးပေအတွင်းမှ တစ်ပင်နှင့်တစ်ပင် ၁၅ ပေ ခန့်အကွာ တစ်ဧကလျှင်  ၄၈ ပင် စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး သုံးနှစ်ခန့်အကြာတွင် စတင်အသီးသီး၍ တစ်နှစ်လျှင်    ငါးလကြာအထိ    ခူးယူရောင်းချရ ကြောင်း၊    အခြားနှစ်ရှည်ပင်များထက်   စိုက်ပျိုး ကုန်ကျစရိတ်သက်သာပြီး ပိုးမွှားရောဂါ ကျရောက်မှု နည်းပါး၍   အကြမ်းခံသော   သီးနှံပင်မျိုးဖြစ်သော ကြောင့်     စိုက်ပျိုးရန်သင့်တော်ကြောင်း     ဘဲရမ်း ကျေးရွာနေ     ဥယျာဉ်ခြံစိုက်တောင်သူတစ်ဦးက ပြောသည်။
ကြက်မောက်ပင်များကို တစ်ဧကစိုက်ခြင်းဖြင့်  အလုံးရေ ၆၀၀၀၀ မှ ၇၀၀၀၀ ခန့် ထွက်ရှိကာ မြို့ပေါ် စျေးများနှင့် အခြားမြို့နယ်များဖြစ်သည့် မော်လမြိုင်၊ ပဲခူး၊    ရန်ကုန်၊   မန္တလေးတိုင်းဒေသကြီးများသို့     တင်ပို့ရောင်းချရကြောင်း  သိရသည်။                             
အောင်မျိုးသူ (ပြန်/ဆက်)