မစ်ဆူဘီရှီနှင့် အိုက်စင်တို့ပူးပေါင်း၍ လျှပ်စစ်ကားဖက်စပ်လုပ်ငန်း ထူထောင်ရန် သဘောတူ

 

 

တိုကျို  မေ  ၂၄


မစ်ဆူဘီရှီလျှပ်စစ်နှင့် မော်တော် ယာဉ်အစိတ်အပိုင်းများ   အဓိက တင်သွင်းသည့် အိုက်စင်ကုမ္ပဏီ တို့ ပူးပေါင်း၍ EV (လျှပ်စစ်ကား)  မျိုးဆက်သစ်ထုတ်ကုန်များ  ထုတ် လုပ်သွားရန် အခြေခံသဘောတူညီ မှုများ     ရရှိထားပြီဟု   သိရသည်။ ဖက်စပ်ထူထောင်မည့်    ကုမ္ပဏီ သစ်သည် မော်တာများ၊ လျှပ်စစ် နှင့်  ဟိုက်ဘရစ်ကားများအတွက် အခြားသော    အစိတ်အပိုင်းများ ထုတ်လုပ်သွားမည်ဟု မစ်ဆူဘီရှီ နှင့်  အိုက်စင်ကုမ္ပဏီတို့က  ပြောသည်။ 


မစ်ဆူဘီရှီဘက်မှ  အစုရှယ် ယာ ၆၆  ရာခိုင်နှုန်းပိုင်ဆိုင်မည် ဖြစ်ပြီး    အိုက်စင်ဘက်မှ   ကျန်ရှိ သော ရှယ်ယာများကို  ပိုင်ဆိုင်မည် ဟု စီစဉ်ထားသည်။ ကုမ္ပဏီကြီး သည် ပြီးခဲ့သည့်လက ၎င်း၏ကား အစိတ်အပိုင်း         ထုတ်လုပ်ရေး လုပ်ငန်းကို    ဖြတ်တောက်မှုများလုပ်ဆောင်ခဲ့သည်။        လုပ်ငန်း အချို့ကို ခွဲထုတ်ကာ ကုမ္ပဏီသစ် က လက်လွှဲယူမည်ဖြစ်သည်။
မစ်ဆူဘီရှီ၏   အားသာချက် မှာ   ပါဝါစက်များနှင့်   အင်ဗာတာ များတွင်ဖြစ်သည်။         အိုက်စင် ကုမ္ပဏီသည် လျှပ်စစ်ကားများကို စွမ်းအင်ပေးသည့် အဓိက မော်တာ အပါအဝင် လျှပ်စစ်ယူနစ်များကိုထောက်ပံ့ပေးသည်။  လျင်မြန်စွာ တိုးတက်မှုဖြစ်ပေါ်နေသည့် လုပ် ငန်းတွင် ဖက်စပ်လုပ်ကိုင်ခြင်းဖြင့် ၎င်းတို့၏      ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ဂျပန်ကုမ္ပဏီများက မျှော်လင့်ထားသည်။


 အင်န်အိတ်ချ်ကေ