
ဝါရှင်တန် မေ ၂၄
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို မကြာမီအချိန်အတွင်း အမေရိကန်သို့ ဖိတ်ခေါ်သွားမည်ဟု အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ပြောသည်။ ဂျွန်ဆင်က မေ ၂၃ ရက်တွင် ဝါရှင်တန်ရှိ အစ္စရေးသံရုံးတွင် ပြုလုပ်သော ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကို လွှတ်တော်သို့ဖိတ်ခေါ်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော်လည်း ဖိတ်ခေါ်မည့်ရက် အတိအကျကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။ အစ္စရေးနိုင်ငံအပေါ် ခိုင်မာသော ထောက်ခံမှုကိုပြသရန် ဖိတ်ခေါ်ခြင်းဖြစ်လာမည်ဟု ၎င်းက အလေး အနက်ထားပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် အစ္စရေးနှင့် အမေရိကန်တို့ ခိုင်မာသောဆက်ဆံရေးကို ပြသလိုခြင်းဖြစ်သည်။
သို့သော်လည်း အစ္စရေး၏မူဝါဒအပေါ် အမေရိကန်တို့က သဘောထား ကွဲလွဲနေကြသောကြောင့် ဂျွန်ဆင်၏မိန့်ခွန်းမှာ အချေအတင်ဖြစ်ဖွယ် ရှိသည်။ ဟားမားစ်တို့အပေါ် အစ္စရေးတို့က စစ်ဆင်ရေးများ လုပ်ဆောင် နေစဉ် ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားများ သေဆုံးမှုအရေအတွက် ပို၍တိုးလာနေသည်။
အင်န်အိတ်ချ်ကေ