စင်ကာပူလေကြောင်းလိုင်းလေယာဉ်တစ်စင်း လေထုမငြိမ်သက်မှုနှင့် ကြုံခဲ့ရပြီးနောက် တစ်ဦးသေဆုံးဟုဆို

စင်ကာပူ   မေ  ၂၁
လန်ဒန်မှ စင်ကာပူသို့ ပျံသန်းလာသော လေယာဉ်တစ်စင်းမှာ ပြင်းထန် သော လေထုမငြိမ်သက်မှုနှင့် ကြုံတွေ့ခဲ့မှုကြောင့် တစ်ဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း စင်ကာပူလေကြောင်း လိုင်းကပြောသည်။ လေယာဉ်ခရီးစဉ်အမှတ် SQ321 သည် ဘန်ကောက် သို့ လမ်းကြောင်းပြောင်းပြီး သုဝဏ္ဏဘုမ္မိလေဆိပ်သို့ အရေးပေါ်ဆင်းသက် ခဲ့ရကြောင်း  တာဝန်ရှိသူများက ပြောသည်။  အဆိုပါလေယာဉ်ပေါ်၌ ခရီးသည်  ၂၁၁  ဦးနှင့် လေယာဉ်အမှုထမ်း  ၁၈ ဦး ပါရှိကြောင်း သိရ သည်။                                                             အင်န်အိတ်ချ်ကေ