စပါးစိုက်ခင်းတွင် ပေါင်းပင်မြက်ပင်များ ရှင်းရန်အတွက် ဘဲများကို အခြေခံသော စက်ရုပ်တစ်မျိုး ဂျပန်အထက်တန်းကျောင်းတစ်ကျောင်းက စမ်းသပ်အသုံးပြု

တိုကျို   မေ   ၂၁
ဂျပန်နိုင်ငံ   အလယ်ပိုင်း   နာဂါနို စီရင်စုမှ      စိုက်ပျိုးမွေးမြူရေး လေ့လာနေသော     အထက်တန်း ကျောင်းသား    ကျောင်းသူများ သည် ဘဲများ၏  ပြုမူလုပ်ဆောင် ပုံကို အခြေခံကာ သဘာဝပတ်ဝန်း ကျင်နှင့်     သဟဇာတဖြစ်သည့် နည်းလမ်းများကို   အသုံးပြုသော    စက်ရုပ် တစ်မျိုးကို စပါးစိုက်ခင်း များထဲတွင်   စမ်းသပ်အသုံးပြုခဲ့ ကြောင်း အင်န်အိတ်ချ်ကေသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ 
ဂျပန်နိုင်ငံရှိ           စပါးစိုက် လယ်သမားအချို့မှာ    ၎င်းတို့၏ လယ်ကွင်းများထဲတွင်  ပေါင်းပင် မြက်ပင်များကို ကြီးထွားမလာစေ ရန် ဘဲများကို  အသုံးပြုကြကြောင်း သိရသည်။    နောက်ကျိသောရေ များက    နေရောင်ခြည်ရရှိမှုကို လျှော့ချကာ ပေါင်းပင်မြက်ပင်များ မကြီးထွားလာစေရန်     ကူညီပေး သည်ဟုဆိုသည်။ 
ဓာတုပေါင်းသတ်ဆေး အသုံး ပြုခြင်းမရှိဘဲ စပါးပင်များကြီးထွား လာနိုင်မလားဆိုသည်ကို သိရှိနိုင် ရန် တိုကျိုအခြေစိုက် စွန့်ဦးတီထွင် ကုမ္ပဏီက  ထုတ်လုပ်ထားသော စက်ရုပ်တစ်မျိုးနှင့်   အဇူမိနိုမြို့ရှိ မိနာမိယာဇူမိ စိုက်ပျိုးရေးအထက် တန်းကျောင်းက စမ်းသပ်သွား မည်ဖြစ်ကြောင်း သိရသည်။ 
မေ   ၂၀  ရက်တွင်   စက်ရုပ် ကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးက ဒုတိယနှစ် ကျောင်းသား ကျောင်း သူ ၂၀ ကို စက်ရုပ်၏ စွမ်းဆောင် မှုနှင့် ပတ်သက်ပြီး  အကျဉ်းချုံး  ရှင်းပြခဲ့သည်ဟုဆိုသည်။                
အင်န်အိတ်ချ်ကေ