မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့  မေတ္တာရပ်ခံချက်

ပညာရေးဝန်ကြီးဌာန
“၂၀၂၄-၂၀၂၅ ပညာသင်နှစ်”
မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ 
မေတ္တာရပ်ခံချက်
    
v     မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်။
v    ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုပါရန်။
v    ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ် လုပ်ဆောင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပါရန်။
v    ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်။
v    ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့်   အလယ်တန်း၊   အထက်တန်းအဆင့်များသို့   အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက်  ကျောင်းအုပ်၊  ဆရာ၊  ဆရာမများနှင့်  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန်။
v    မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ နှင့်ပူးပေါင်းဆောင်ရွက်ရန်။
v    ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်  ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းလိုက်နာရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
v    ကျန်းမာရေးနှင့်ညီညွတ်သော  လူနေမှုပုံစံများ  စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမ များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
v    ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
v    ကျောင်းသား၊ ကျောင်းသူများ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာ ကျန်းမာရေး ဆေးခန်း၊   ဆေးရုံသို့   သတင်းပို့ပေးရန်နှင့်  ဆေးကုသမှုခံယူနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
v    ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက်  ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား  လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ကြိမ်ရေ ပြည့်မီအောင် ထိုးနှံကြပါရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်။
v    မိဘများအနေဖြင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကြံပြုကြပါရန်။
v    ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားလိုပါက ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃၊ နေပြည်တော်သို့ ပေးပို့တိုင်ကြားနိုင်ပါသည်။