ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်   မေ   ၁၇
ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည်  ယနေ့ နံနက်ပိုင်းက  ရန်ကုန်အနောက် ပိုင်းတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်      အဖွဲ့သည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် လမ်းကို  အကျယ် ၃၃ ပေ မှ ပေ ၄၀ ရရှိရန် ဘယ်/ညာ  တစ်ဖက် သုံးပေခွဲ တိုးချဲ့ ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှု၊ တက္ကသိုလ်ရှေ့ လမ်းလယ်ကျွန်း ဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ် ကာလအတွင်း  စံချိန်စံညွှန်းနှင့် အညီ   အမြန်ပြီးစီးရေး   မှာကြား သည်။
ထို့နောက် ရန်ကုန်အနောက် ပိုင်းတက္ကသိုလ် ပင်မဆောင်ရှေ့ ရေကန်အတွင်းရှိ Solar Panel များကို ဘေးတစ်ဖက်တစ်ချက်စီ သို့ ရွှေ့ပြောင်းပြီးစီးမှု  ၊ ပန်းဥယျာဉ်နှင့်  အားကစားကွင်း များ   ဌာနမှ    ရေကန်ပတ်လည် စိမ်းလန်းစိုပြည်စေရေး      ဆောင် ရွက်ထားရှိမှု၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ      ရေကန် အတွင်း ရေဖြည့်သွင်းပြီး လျှပ်စစ် ဓာတ်အား ၄၆ ကီလိုဝပ် ထုတ်လုပ် နိုင်သည့် ဆိုလာလျှပ်စစ်ဓာတ်အား ပေးစနစ်ဖြင့်    အလှဆင်ရေပန်း သုံးခု  မောင်းနှင်နေမှု၊   ရေကန် ပတ်လည်    မြေထိန်းနံရံ     တည် ဆောက်ပြီးစီးမှု၊  ကန်ပေါင်တွင် လူသွားလမ်း   ဆောင်ရွက်ပြီးစီး နေမှု၊    တက္ကသိုလ်အဝင်/အထွက်     ယာဉ်ပတ်လမ်းအနီး မြက်ခင်းပြင် တွင် အရိပ်ရပင်များ စိုက်ပျိုးထားရှိမှုလုပ်ငန်းများကို     ကြည့်ရှု စစ်ဆေးရာ   တာဝန်ရှိသူများက  လုပ်ငန်းဆောင်ရွက်နေမှုများကို   ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသ ကြီး   ဝန်ကြီးချုပ်က လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။ 
ဝင်းမင်း(ပြန်/ဆက်)