
နယူးဒေလီ မေ ၁၇
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက် ဘန်ဂေါပြည်နယ်၌ မေ ၁၆ ရက် က မိုးကြိုးပစ်မှုဖြစ်ပွားသဖြင့် ၁၂ ဦးထက်မနည်း သေဆုံးကာ အခြား လူများစွာ ဒဏ်ရာရရှိကြောင်း အာဏာပိုင်များက ပြောကြား သည်။
အနောက်ဘန်ဂေါ၏ မြို့တော် ကာလကတ္တား၏ မြောက်ဘက် ၃၂၇ ကီလိုမီတာခန့်အကွာ မော်လ်ဒါခရိုင်၌ မိုးကြိုးပစ်မှု ကြောင့် လူသေဆုံးမှုများ ဖြစ်ပွား ကြောင်းသိရသည်။ သေဆုံးသူ အားလုံးမှာ မိုးကြိုးများပစ်ချိန် တွင် သစ်သီးခြံများနှင့် ကွင်းပြင် များ၌ အလုပ်လုပ်ကိုင်နေကြ ကြောင်း အာဏာပိုင်များက ပြော ကြားသည်။
အိန္ဒိယနိုင်ငံ၌ နှစ်စဉ်မုတ်သုံ ရာသီစတင်ချိန်တွင် မိုးကြိုးပစ် ခြင်းကြောင့် လူပေါင်းရာနှင့်ချီ သေဆုံးလျက်ရှိကြောင်း သိရ သည်။ ဆင်ဟွာ