အမေရိကန်တို့၏ သူလျှိုဒရုန်းကို ပစ်ချနိုင်ခဲ့သည်ဟု ဟူသီတို့ပြော

ဆားနား  မေ  ၁၇
ယီမင်နိုင်ငံ   မာရစ်ဘ်ပြည်နယ်၌   ပျံသန်းနေသည့်  အမေရိကန်တို့၏   အမ်ကျူ-၉ သူလျှိုဒရုန်းကို  ဟူသီသူပုန်များက  ပစ်ချနိုင်ခဲ့သည်ဟု ဟူသီတို့က  မေ  ၁၇ ရက်တွင် ပြောသည်။ အဆိုပါဒရုန်းကို ပြည်တွင်း ထုတ် ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းဗီဒီယိုကို နောက်ပိုင်းတွင်  ထုတ်ဖော်ပြသသွားမည်ဟု   ဟူသီတို့၏   ပြောရေး ဆိုခွင့်ရှိသူ ယာယာ့ဆာရီယာက မာဆီယာ့ရုပ်သံလိုင်းတွင် ပြောကြား ခဲ့သည်။  သူလျှိုဒရုန်းကို ပစ်ချခဲ့သည့်အချိန်ကိုမူ အတိအကျဖော်ပြ ခဲ့ခြင်းမရှိချေ။  ဂါဇာဒေသကို   ထောက်ခံမှုများစတင်ခဲ့သည့်   အချိန်မှ စတင်ကာ   အမေရိကန်တို့၏    လေးစင်းမြောက်ဒရုန်းကို     ပစ်ချနိုင်ခဲ့ ခြင်း ဖြစ်သည်ဟု   ၎င်းက  ဆက်ပြောသည်။   အမေရိကန်တပ်ဖွဲ့ဘက်ကမူ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍   မည်သည့်မှတ်ချက်မျှ  ပြောကြားခဲ့ခြင်း မရှိချေ။ 
ယီမင်နိုင်ငံမြောက်ပိုင်း  မြို့အချို့ကို သိမ်းပိုက်ထားသည့်   ဟူသီ သူပုန်များသည်   လွန်ခဲ့သည့်နိုဝင်ဘာလမှစတင်ကာ   သင်္ဘောဖျက် ဒုံးကျည်များဖြင့်   ပင်လယ်နီကို    ဖြတ်သန်းလာသည့်  အစ္စရေးနှင့် ဆက်စပ်မှုရှိသည့် သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ မှ စတင်ကာ  အမေရိကန်-ဗြိတိန်  ရေကြောင်းပူးပေါင်းတပ်ဖွဲ့သည်     ရေပြင်တွင်တပ်စွဲကာ  ဟူသီသူပုန်များကိုပစ်မှတ်ထားပြီး လေကြောင်း မှ    တိုက်ခိုက်မှုများနှင့်    ဒုံးကျည်များဖြင့်     ပစ်ခတ်မှုများ    ပြုလုပ်ခဲ့ သည်။                                  ဆင်ဟွာ