ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)နှင့် လမ်းဦးစီးဌာန၊ စက်မှုဌာနခွဲရှိ စက်၊ ယာဉ်၊ ယန္တရားများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    မေ   ၁၇ 
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သို့  သွားရောက်ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးစဉ်   ကျောင်းအုပ် ကြီးက      ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)  ၏   သင်တန်းကျောင်း ဆိုင်ရာ       အချက်အလက်များ၊ ဝန်ကြီးဌာနရှိ    ဝန်ထမ်းများကို အရည်အသွေးမြှင့်တင်နိုင်စေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးသည့်  အခြေအနေ၊ နှစ်အလိုက် သင်တန်းများပို့ချနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြ ရာ လမ်းဦးစီးဌာန  ညွှန်ကြားရေး မှူးချုပ်က   ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီးက ဗဟို သင်တန်းကျောင်း(သုဝဏ္ဏ)သည် ပြည်ပ အလုပ်အကိုင်များ ရရှိစေ ရေးအတွက်   သက်မွေးပညာရပ် လုပ်သားကျွမ်းကျင်မှု အသိအမှတ် ပြု    လက်မှတ်များ   စစ်ဆေး အကဲဖြတ်ထုတ်ပေးရန်အတွက် အလုပ်သမား    ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံလုပ်သား များ   ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့(National Skills Standards Authority- NSSA) ဖွဲ့စည်း၍        ဆောက်လုပ်ရေး ဆိုင်ရာ   အလုပ်အကိုင်ကျွမ်းကျင် မှု     စံသတ်မှတ်ရေးကော်မတီမှ စဉ်ဆက်မပြတ်   ဆောင်ရွက်ပေး လျက်ရှိရာ     ၁၀  နှစ်အတွင်း နိုင်ငံတကာ     အသိအမှတ်ပြု လက်မှတ်ရ  ကျွမ်းကျင်လုပ်သား ၃၄၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့ သဖြင့်     နိုင်ငံတော်အတွက် အထောက်အပံ့ဖြစ်စေ၍      ပိုမို အလေးထား   ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း။ 
ဆောက်လုပ်ရေးဝန်ကြီးဌာန က တည်ဆောက်ရေးလုပ်ငန်းစိစစ် ရေးကော်မတီကို ဦးစီးဆောင်ရွက် နေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များမှ     အငယ်တန်းအင်ဂျင်နီယာ များကို တည်ဆောက်ရေးလုပ်ငန်း ဆိုင်ရာလုပ်ငန်းစိတ်များ၊ အရည် အသွေးနှင့်   ဈေးနှုန်းစစ်ဆေးခြင်း (QA/QC)   များကို    မှန်ကန်စွာ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်တွင်  လုပ်ငန်းခွင် မပျက်       မွမ်းမံသင်တန်းများ ဖွင့်လှစ်    သင်ကြားနေသကဲ့သို့ ယခုသင်တန်းကျောင်းတွင်လည်း အခြားဝန်ကြီးဌာနများမှ  အငယ် တန်းအင်ဂျင်နီယာများကို သင်ရိုး ညွှန်းတမ်းနှင့်တကွ သင်ကြားပေး နိုင်ရေး   ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ သင်တန်း မှ သင်ကြားပို့ချပေးသည့် စာတွေ့/  လက်တွေ့ သင်ခန်းစာများကို မိမိ လုပ်ငန်းခွင်တွင်     အကျိုးရှိရှိ ပြန်လည်အသုံးချသွားနိုင်အောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ် ကြောင်း မှာကြားသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်    သင်တန်းတက် ရောက်နေသော    သင်တန်းသား များနှင့် တွေ့ဆုံ၍  အမှာစကား ပြောကြားသည်။ 
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ် ရေးဝန်ကြီးဌာနလမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့၏   အရည် အသွေးထိန်းသိမ်းရေးဌာနခွဲများ ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူ များ၏   တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်   လမ်းဦးစီး ဌာန၊ စက်မှုဌာနခွဲသို့ ရောက်ရှိရာ တာဝန်ရှိသူက ဌာန၏ ဝန်ထမ်း နှင့်   စက်ယန္တရားများ   ပြင်ဆင် စုဖွဲ့ထားရှိမှု၊   တည်ဆောက်ရေး လုပ်ငန်းခွင်တွင်   အသုံးပြုမည့် စက်၊ ယာဉ်၊ ယန္တရားအခြေအနေ တို့ကို     အသေးစိတ်ရှင်းလင်း တင်ပြရာ       လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက စက်၊ ယာဉ်၊ ယန္တရားများ ပြင်ဆင် စုဖွဲ့မှုအနေဖြင့် ပုံမှန်တည်ဆောက် ရေးလုပ်ငန်းများကိုသာမကအထူး စီမံကိန်းများနှင့် သဘာဝဘေးဒဏ် ကြောင့်  အရေးပေါ် လိုအပ်သည့် နေရာများသို့     လိုအပ်ချက်အရ ချက်ချင်းပေးပို့    ဆောင်ရွက်နိုင် သည်အထိ  စက်၊ ယာဉ်၊ ယန္တရား များ   ကောင်းမွန်နေရန် လိုအပ်ပါ ကြောင်း၊     ပြုပြင်ထိန်းသိမ်းရေး အပိုင်းကိုလည်း       အလေးထား ဆောင်ရွက်ရန်လိုကြောင်း မှာကြား ပြီး   စက်၊   ယာဉ်၊   ယန္တရားများ   ထိန်းသိမ်းထားရှိမှု၊   စက်ယန္တရား များ သရုပ်ပြ   စမ်းသပ်မောင်းနှင် နေမှုတို့ကို     ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။  သတင်းစဉ်