
နေပြည်တော် မေ ၁၇
မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှု အစီရင်ခံစာနှင့် ပတ်သက်၍ အာရှ-ပစိဖိတ် ပူးတွဲ အဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင် အစည်း အဝေးကို မေ ၁၅ ရက်မှ ၁၆ ရက် အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ ၌ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ကြသည်။
မျက်နှာချင်းဆိုင် အစည်း အဝေး၌အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group–APJG) တွဲဖက်သဘာပတိများ၊ ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF)၊ အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ် များ၊ APJG မှ အကဲဖြတ်သူများနှင့် တွေ့ဆုံဆွေးနွေးကြသည်။
မျက်နှာချင်းဆိုင် အစည်း အဝေးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာ နိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက် ရန် ကျန်ရှိနေသည့်အစီအမံများ အပေါ် APJG မှ အကဲဖြတ်သူ များ၏ အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည် ဖော် လိုက်နာဆောင်ရွက်ချက် များကို အကဲဖြတ်သူများအားလုံး က ခြုံငုံချိတ်ဆက်သိရှိစေရန် အတွက် လက်ငင်းရလဒ်တစ်ခုချင်း အလိုက် ရှင်းလင်းတင်ပြဆွေးနွေး သည်။
APJG မှ အကဲဖြတ်သူများက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာပါ လက်ငင်း ရလဒ်တစ်ခုချင်းအလိုက် ထပ်မံရှင်းလင်းသိရှိလိုသည့်အချက်များ မေးမြန်းခဲ့ခြင်းအပေါ် မြန်မာ ကိုယ်စားလှယ်များက ဆောင်ရွက် ချက်များနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များကို အသေးစိတ် ရှင်းလင်းဖြေကြား သည်။
ဆွေးနွေးချက်များတွင် မြန်မာ နိုင်ငံအနေဖြင့် ဆုံးရှုံးနိုင်ခြေမြင့်မား သော မှုခင်းများနှင့် ဆက်နွှယ် သည့် ငွေကြေးခဝါချမှုဆုံးရှုံးနိုင် ခြေများအား နားလည်ဖော်ထုတ် ခြင်းများ၊ တရားမဝင် ငွေလွှဲ လုပ်ငန်း ဆောင်ရွက်နေသည့် ဟွန်ဒီများ လျော့နည်းပပျောက်စေ ရေးအတွက် တရားဝင်လုပ်ငန်း လိုင်စင်များ ရယူလုပ်ကိုင်စေရန် တွန်းအားပေး ဆောင်ရွက်ချက် များနှင့် လိုင်စင်မရှိဘဲလုပ်ကိုင် ဆောင်ရွက်နေသူများကို တရား ဥပဒေစိုးမိုးရေး အဖွဲ့များနှင့် သက်ဆိုင်ရာ နိုင်ငံများရှိ ဗဟိုဘဏ် များဖြင့်ပူးပေါင်း၍ ဖော်ထုတ် အရေးယူ ဆောင်ရွက်ချက်များ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်း ရေးအဖွဲ့က ငွေကြေးခဝါချမှုများနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များကို နိုင်ငံတကာ နှင့်ပူးပေါင်း၍ ရယူဆောင်ရွက် ချက်များ၊ သတင်းပို့အဖွဲ့အစည်း များက ပေးပို့လာသည့် သံသယ ဖြစ်ဖွယ် သတင်းပို့ချက်များအား စိစစ်ပြီး ဆက်လက်အရေးယူ ဆောင်ရွက်ချက်များ၊ ဖမ်းဆီးရမိ သည့်ပစ္စည်းများ စီမံခန့်ခွဲသည့် နည်းလမ်းများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ လူအများအပြား သေကျေစေသည့် လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့ မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ် ထားအရေးယူမှုဆိုင်ရာ ထိရောက် စွာ အကောင်အထည်ဖော်မှုများ နှင့်ပတ်သက်၍ အသိပညာပေး သည့်လုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်နေသည့် အခြေအနေများ၊ အရေးယူ ဆောင်ရွက်ချက်များ၊ ထုတ်ပြန်ထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များသည် ဥပဒေ ကြောင်းအရ ခိုင်မာသည့် ဥပဒေ၊ ညွှန်ကြားချက်များဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး မြန်မာ နိုင်ငံ၏ ဆောင်ရွက်မှုများအပေါ် အဆင့်သတ်မှတ်ချက်များ တိုးမြှင့် ပေးရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်