
ဂျေရုဆလင် မေ ၁၆
အစ္စရေးတို့က လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နောက် အဆိုပါလုပ်ရပ်ကို ပြန် လည် လက်တုံ့ပြန်သည့်အနေဖြင့် လက်ဘနွန် လက်နက်ကိုင်အုပ်စု ဖြစ်သည့် ဟစ်ဇ်ဘိုလာအုပ်စု သည် မေ ၁၆ ရက်တွင် အစ္စရေး နိုင်ငံမြောက်ပိုင်းသို့ ဒုံးကျည်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟု အစ္စရေးနှင့် လက်ဘနွန် သတင်းအရင်းအမြစ်များက ပြော သည်။
ဂိုလန်ကုန်းမြင့်ကို ပစ်မှတ် ထားကာ ဒုံးကျည် ၄၅ စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်ဟု အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (အိုင်ဒီအက်ဖ်) က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အစ္စရေးတို့၏ ဝေဟင် ကာကွယ်ရေးစနစ်ဖြင့် ဒုံးကျည် ပစ်ခတ်မှုများစွာကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူမရှိကြောင်း အစ္စရေးတပ်ဖွဲ့က ပြောသည်။
ဂိုလန်ကုန်းမြင့်ရှိ အစ္စရေး စစ်ဘက်နေရာများကို ပစ်မှတ် ထားကာ ဒုံးကျည်ဖြင့် ပစ်ခတ်မှု အကြိမ် ၆၀ နီးပါး ပြုလုပ်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာဘက်က ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။
အစ္စရေးတို့က လက်ဘနွန် နိုင်ငံအရှေ့ပိုင်း ဗာလဗက်ဒေသသို့ ပစ်မှတ်ထားကာ မေ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် တစ်ညလုံး လေ ကြောင်းမှ ပစ်ခတ်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကို လက်တုံ့ပြန်သည့်အနေ ဖြင့် ယခုလိုပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအုပ်စု က ပြောသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှစတင်ကာ လက်ဘနွန်နှင့် အစ္စရေးနယ်စပ် တွင် တင်းမာမှုများ မြင့်မားလာခဲ့ သည်။ ဟားမားစ်တို့နှင့် ချစ်ကြည် ရင်းနှီးမှုကို ပြသသည့်အနေဖြင့် ဟစ်ဇ်ဘိုလာတို့သည် အစ္စရေး နိုင်ငံသို့ ဦးတည်ကာ ဒုံးကျည်များ ဖြင့် ပစ်ခတ်ခဲ့သည်။
ထို့နောက် အစ္စရေးဘက်က လည်း ပြန်လည်တုံ့ပြန်သည့်အနေ ဖြင့် လက်ဘနွန်နိုင်ငံတောင်ပိုင်း ကို ဦးတည်ကာ လက်နက်ကြီးများ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
ဆင်ဟွာ