မြန်မာ့ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံပိုင် ကုန်တင်ရေယာဉ်ကြီးတစ်စင်းပေါ်မှ ပြင်းထန်ဒဏ်ရာရရှိပြီး အရေးပေါ်ဆေးကုသရန်လိုအပ်လျက်ရှိသော ရေယာဉ်အမှုထမ်းအား တပ်မတော်(ရေ)မှ ကူညီကယ်ဆယ်

နေပြည်တော်  မေ  ၁၅
မြန်မာ့ပင်လယ်ပြင်အတွင်း ကိုကိုးကျွန်း၏ အနောက် မြောက်ဘက်  ၆၉   မိုင်ခန့်အကွာ၌   အိန္ဒိယနိုင်ငံ Dhamra Port မှ တရုတ်နိုင်ငံသို့ထွက်ခွာလာသော တရုတ်နိုင်ငံပိုင်  CHANG HANG HAO HAI အမည်ရှိ ကုန်တင်ရေယာဉ်ကြီးပေါ်မှ   ရေယာဉ်အမှုထမ်း တစ်ဦးသည် မေ ၁၄ ရက်  မွန်းလွဲ  ၁  နာရီခန့်တွင် အမြင့်မှပြုတ်ကျ၍  စိုးရိမ်ရသည့်  ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့်   အရေးပေါ်ဆေးကုသရန်    လိုအပ် ကြောင်း MRCC    မှတစ်ဆင့်     အကူအညီတောင်းခံလာခဲ့ သည်။ 
ထို့ကြောင့်    ဟိုင်းကြီးကျွန်းမြို့အနီး      မြန်မာ့ ပင်လယ်ပြင်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင် နေသော တပ်မတော် (ရေ) မှ အမြန်သွားတိုက်ခိုက် ရေး ရေယာဉ်တစ်စင်းသည် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ  ဆောင်ရွက်နိုင်ရေးအတွက်   အဆိုပါ ကုန်တင်ရေယာဉ်ကြီးရှိရာနေရာသို့ သွားရောက်ခဲ့ရာ ဒဏ်ရာရလူနာ တရုတ်လူမျိုး Mr. TAN BIN အမည်ရှိ ရေယာဉ်အမှုထမ်းအား  ဆေးကုသမှုခံယူနိုင်ရန် စစ် ရေယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်၍  လူနာကို ကနဦး      ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့ရှိ   တပ်မတော် ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့၍ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။     ထို့နောက်   လိုအပ်သော ဆေးအကာအကွယ်ပေးမှုများကို        ဆက်လက် ဆောင်ရွက်နိုင်ရန် ပုသိမ်မြို့သို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်