
အော့တဝါ မေ ၁၅
ကနေဒါနိုင်ငံ အနောက်ပိုင်း ပြည်နယ်ဖြစ်သည့် အယ်လ်ဘာတာ တွင် တောမီးလောင်မှုကြောင့် ဒေသခံ ၆၆၀၀ အထိ ဘေးလွတ် ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း မေ ၁၄ ရက်က မီဒီယာများတွင် ဖော်ပြထားသည်။
ပြည်နယ်အရေးပေါ် အခြေ အနေအဖြစ် ကြေညာပြီးနောက် ဝုဒ်ဘတ်ဖဲလိုး ဒေသဆိုင်ရာ မြူနီ စီပယ်သည် မေ ၁၄ ရက် မွန်းလွဲပိုင်း တွင် ဘေးလွတ်ရာသို့ရွှေ့ပြောင်း ရန် အမိန့်ထုတ်ခဲ့သည်ဟု စီဘီစီ သတင်းတွင် ဖော်ပြထားသည်။ ကယ်ဆယ်ရေးဇုန်မှ ဒေသခံများ အားလုံး ညနေ ၄ နာရီတွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရန် အမိန့်ထုတ်ထားခဲ့ကြောင်း မြူနီ စီပယ်ရုံးမှ ပြောသည်။
အဆိုပါဇုန်မှ လူပေါင်း ၆၆၀၀ နေရာရွှေ့ပြောင်းရမည်ဟု ဒေသ တွင်း မီးသတ်ဌာနအကြီးအကဲ ဖြစ်သူ ဂျိုဒီ ဘတ်ဇ် က ပြောသည်။ မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် ဒေသခံများ တောင်ဘက်သို့ တိမ်းရှောင်သွားကြသည့်အတွက် အဝေးပြေးလမ်းများတွင် ယာဉ် ကြော ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ နိုင်ငံတစ်ဝန်း တောမီး လောင်မှုပေါင်း ၁၃၄ ခု ရှိပြီး မေ ၁၄ ရက်အထိ တောမီးလောင်မှု ပေါင်း ၄၃ ခုကို ထိန်းထားနိုင်ပြီ ဖြစ်ကြောင်း ကနေဒါတောမီး ငြှိမ်းသတ်ရေး စင်တာက ပြော သည်။
နိုင်ငံတစ်ဝန်း ပုံမှန်အပူချိန် ထက် ပို၍မြင့်သောအပူချိန်ကြောင့် တောမီးလောင်မှုများ နောက်ထပ် ဖြစ်ပွားနိုင်သည်ဟု အစိုးရက သတိပေးထားသည်။
၂၀၂၃ ခုနှစ်တွင် ကနေဒါနိုင်ငံ ၌ စံချိန်တင် တောမီးလောင်မှုများ ဖြစ်ပေါ်ခဲ့ပြီး တောမီးလောင်မှုပေါင်း ၇၁၃၁ ကြိမ် ဖြစ်ပွားခဲ့သည်ဟု အမျိုးသားမီးသတ်အချက်အလက် ဌာနမှ သိရသည်။ ဆင်ဟွာ