ရန်ကုန်တိုင်းဒေသကြီး “ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ” အခမ်းအနားကျင်းပ

 

ရန်ကုန်  မေ  ၁၄ 
ရန်ကုန်တိုင်းဒေသကြီး  “စာကြည်တိုက် များ   ဖွံ့ဖြိုးတိုးတက်ရေးနှင့်   စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု”    အခမ်းအနားကို ယနေ့  နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  မင်္ဂလာခန်းမ၌  ကျင်းပ သည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊    ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး များ၊   မြန်မာနိုင်ငံ   စာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက် အသင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း တို့မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊  အနုပညာ ရှင်များ၊   လူရည်ချွန်    ကျောင်းသား ကျောင်းသူများ၊ ကင်းထောက်လူငယ်များ၊ ကြက်ခြေနီလူငယ်များ၊    ဌာနဆိုင်ရာ တာဝန်ရှိသူများ၊      အလှူရှင်များနှင့် ဖိတ်ကြားထားသော      ဧည့်သည်တော် များ တက်ရောက်ကြသည်။
ဗီဒီယို Clip တို့ကို ပြသ
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များက “ပညာဘဏ်တိုက်စာကြည့်တိုက် သို့ သွားကြစို့” တေးသီချင်းဖြင့် သီဆို ဂုဏ်ပြုကြပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဗီဒီယို  Clip ၊   “နိုင်ငံ့အကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” ဗီဒီယို Clip နှင့်  ရန်ကုန်တိုင်းဒေသကြီး၏  သုံးနှစ်တာကာလအတွင်း  ဆောင်ရွက်ခဲ့ သည့် စာကြည့်တိုက်များနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု ဗီဒီယို Clip တို့ကို   ပြသသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက် များ  ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင် ရွက်မှုကော်မတီဥက္ကဋ္ဌ       ပြည်ထောင်စု  ဝန်ကြီး    ဦးမောင်မောင်အုန်းက  အဖွင့် အမှာစကားပြောကြားရာတွင်   ဧပြီ    ၃   ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုက လူထုသိပ္ပံကျမ်းအတွဲ (၁)၊ (၂)၊ (၃) စာအုပ်ပေါင်း  ၄၅၀၀ ၊  ပြန်ကြားရေး ဝန်ကြီးဌာနက စာအုပ်/ စာစောင်  ၅၅၀၀ စုစုပေါင်း   စာအုပ်/စာစောင်   ၁၀၀၀၀     ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို စတင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း။
ဧပြီ ၁၀  ရက်တွင် မြန်မာနိုင်ငံတစ်ဝန်း ရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ         အခမ်းအနားကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်  တစ်ချိန်တည်း၊ တစ်ပြိုင်တည်း  ကျင်းပဆောင်ရွက်ခဲ့ရာ လှူဒါန်းငွေကျပ် သိန်းပေါင်းတစ်သောင်း ကျော်နှင့်  စာအုပ်စာစောင်   ၈၅၅၄၀  ကို လက်ခံရရှိခဲ့ပါကြောင်း။
အလှူခံရရှိခဲ့သည့်    အလှူငွေနှင့် စာအုပ်စာစောင်များကို ခွဲခြမ်းစိတ်ဖြာနိုင် ရန်၊   လှူဒါန်းပွဲများ  လစဉ်စဉ်ဆက်မပြတ် ဆက်လက်      ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏  မူဝါဒဖြစ်သည့် စာဖတ်ရှိန်မြှင့်တင်ရေး          ကိစ္စများကို တစ်စပ်တည်း     လုပ်ဆောင်သွားရန် လိုအပ်လာသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက   မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ   ဖွံ့ဖြိုးတိုးတက်ရေး အတွက် “မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ”  ကို       ဖွဲ့စည်းပေးခဲ့ပါ ကြောင်း။
မြန်မာနိုင်ငံတွင်   ယခင်က  ရပ်ကွက် ကျေးရွာ  ကိုယ့်အားကိုယ်ကိုး  စာကြည့် တိုက်ပေါင်း ခြောက်ထောင်ကျော်ရှိသော် လည်း  လက်ရှိတွင် သုံးထောင်ကျော်သာ ကျန်ရှိပြီး  စာကြည့်တိုက်  ၂၅၀၀ ခန့်မှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထား ခဲ့ရပါကြောင်း၊      နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များ    ဖွံ့ဖြိုးတိုးတက်ရေး အတွက်       ယခုမှစီမံဆောင်ရွက်ခြင်း  မဟုတ်ဘဲ  နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်   ဖွံ့ဖြိုးရေးကောင်စီ  လက်ထက် ကတည်းက  စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ ကြောင်း။
ကဏ္ဍပေါင်းစုံဖြစ်သည့် ဆည်မြောင်း တာတမံများ၊ မြစ်ကူးချောင်းကူးတံတား များ၊ မဟာဗျူဟာလမ်းမကြီးများ၊ ဒေသ ချင်းဆက်၊ မြို့ချင်းဆက်လမ်းများကို စီမံ ချက်ဖြင့်   ဆောင်ရွက်ခဲ့ပြီး   နိုင်ငံတော် အကြီးအကဲက တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပညာတတ်များ၊  လူ့စွမ်းအား အရင်းအမြစ်များလိုအပ်ပြီး   ဖိုးသုညများ နှင့် တိုင်းပြည်ကို  တည်ဆောက်၍  မရ ကြောင်း  လမ်းညွှန်မှုပြုခဲ့သည့်အတွက် ၎င်းလမ်းညွှန်မှုကို  မူဝါဒအဖြစ်  ခံယူပြီး အထူးဖွံ့ဖြိုးရေးဇုန်  ၂၄  ဇုန် သတ်မှတ်၍ အဆိုပါ   ဒေသများတွင်   ဝိဇ္ဇာ၊  သိပ္ပံ၊ နည်းပညာ၊   ကွန်ပျူတာ၊  စီးပွားရေး၊ စိုက်ပျိုး မွေးမြူရေး၊ ဆေးပညာ စသည့် ဘာသာစုံတက္ကသိုလ်များ၊ ကောလိပ်များ ဖွင့်လှစ်ကာ   တစ်နိုင်ငံလုံးတွင်  ရပ်ကွက် ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် များ ဖွင့်လှစ်နိုင်ရေး စတင်ဆောင်ရွက်ခဲ့ပါ ကြောင်း။
ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်
၂၀၀၄  ခုနှစ်မှ  စတင်၍   ကျေးရွာ ကိုယ့်အားကိုယ်ကိုး  စာကြည့်တိုက်များ ဖွံ့ဖြိုးရေးစီမံကိန်းကို  နိုင်ငံတော်စီမံကိန်း အဖြစ်  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည် ကို တွေ့ရှိရပါကြောင်း။
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရအဆက်ဆက် ဆောင်ရွက် ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ပြီး   စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများလည်း      လျော့နည်းခဲ့ပါ ကြောင်း၊ ယခုအခါ နိုင်ငံတော်အကြီးအကဲ က စာကြည့်တိုက်များ ပြန်လည်ထူထောင် ပြီး        ဆက်လက်ရပ်တည်နိုင်ရေးနှင့် စာဖတ်ရှိန်        မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်   လမ်းညွှန်မှာကြားခဲ့ပါ ကြောင်း။
စီစဉ်ပို့ဆောင်ပေးရန်လို
ယနေ့ခေတ်တွင်      ကျောင်းသား ကျောင်းသူ         လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့     သွားရောက်၍  စာအုပ်စာစောင်များကို ဖတ်ရှုမှုနည်းပါး သဖြင့် လူငယ်များ  စာဖတ်ရန်   လိုအပ် သည့်အတွက်  ဖြစ်နိုင်ပါက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်     စနေ၊ တနင်္ဂနွေ       ကျောင်းပိတ်ရက်များတွင်  ကျောင်းသား        ကျောင်းသူများကို စာကြည့်တိုက်များသို့  တစ်စုတစ်စည်း တည်း သွားရောက်လေ့လာနိုင်ရေး စီစဉ် ပို့ဆောင်ပေးရန်လိုပါကြောင်း။
အလေ့အထများ ဖြစ်ပေါ်လာ
သက်ဆိုင်ရာရုံးများအနေဖြင့်လည်း ကျောင်းသား  ကျောင်းသူများ  စာအုပ် စာပေများကို  စိတ်ဝင်စားလာစေရန်နှင့်  ဖတ်ရှုအသုံးပြုလာစေရန်အတွက် စာပေ ဆွေးနွေးပွဲ၊   ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ များ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ လူငယ် များအတွက်  စိတ်အားတက်ကြွဖွယ်ရာ Video Clip များဖြင့် ပြသဆောင်ရွက်ပေး ပါက စာကြည့်တိုက်များကို အသုံးချတတ် သည့်  အလေ့အထများလည်း ဖြစ်ပေါ်လာ မည်ဖြစ်ပါကြောင်း။
မေ  ၉ ရက်တွင် နေပြည်တော်ကောင်စီ နှင့်  ပူးပေါင်း၍    ပြည်ထောင်စုနယ်မြေ နေပြည်တော်   စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို  ကျင်းပခဲ့ပြီး စေတနာရှင်၊ အလှူရှင်များက ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရေးနှင့်   စာအုပ် စာစောင်များ လက်လှမ်းတမီ ထားရှိပေး နိုင်ရေး   စာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ် သိန်း ၁၅၀ နှုန်းဖြင့် စာကြည့်တိုက် အဆောက်အအုံ    ၁၄၇  လုံးအတွက် ငွေကျပ်သိန်း ၂၂၀၅၀ ကို ပေးအပ်လှူဒါန်း ခဲ့ပါကြောင်း။
ဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက်
မိမိတို့နိုင်ငံ၏  စာကြည့်တိုက်များမှာ ပုံမှန်အနေအထားတွင်    ရှိသည့်အတွက် တွန်းအားပေးဆောင်ရွက်ပါက      ပိုမို ပြန့်ပွားအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊   မိမိတို့  ဝန်ကြီးဌာနအနေဖြင့် မူလတာဝန်အပြင် စာကြည့်တိုက်လုပ်ငန်း များကို   အလေးထား၍  စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ    စာကြည့်တိုက်များ   ဖွံ့ဖြိုးတိုးတက်ရေး အတွက်   စဉ်ဆက်မပြတ် လုပ်ဆောင်နိုင် ရန်  ဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက်ပေးစေ လိုပါကြောင်း ပြောကြားသည်။
ယင်းနောက်          မြန်မာနိုင်ငံ စာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု   ကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်  ခြောက်တိုက်  ပြန်လည် ပြင်ဆင်  ဖွင့်လှစ်နိုင်ရန်အတွက်  ငွေကျပ်  သိန်း ၃၀၀ နှင့် စာကြည့်တိုက်  ငါးတိုက် အသစ်   တည်ဆောက်ဖွင့်လှစ်နိုင်ရန် အတွက် ငွေကျပ်သိန်း  ၇၅၀   စုစုပေါင်း ငွေကျပ်  သိန်း   ၁၀၅၀ ကို    ထောက်ပံ့ ပေးအပ်ရာ   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူပြီး   အမှာစကား ပြောကြားသည်။
ယင်းနောက်   စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံများ တည်ဆောက်နိုင်ရန် နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အလှူ ရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း ကြရာ    မြန်မာနိုင်ငံစာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်       မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း နာယက ဦးကျော်ဆန်းတို့က လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံ စာကြည့်တိုက် များ ဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်း က အမှာစကား ပြောကြားသည်။
ယင်းနောက်  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံများ တည်ဆောက်နိုင်ရန် နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အလှူ ရှင်များက   ဆက်လက်လှူဒါန်းကြရာ ရန်ကုန်တိုင်းဒေသကြီး  စာကြည့်တိုက် များ   ကြီးကြပ်ရေးကော်မတီ  နာယက    တိုင်းဒေသကြီး  ဝန်ကြီးချုပ်က   လက်ခံ ရယူသည်။
ဆက်လက်၍    အကယ်ဒမီများရှင် ရန်အောင်က “လူချွန်လူကောင်း” သီချင်း ဖြင့်  သီဆိုဖျော်ဖြပြီး အမျိုးသားစာပေ တစ်သက်တာဆုရှင်   အလင်္ကာကျော်စွာ ဦးအုန်းမောင်   (မြင်းမူမောင်နိုင်မိုး) က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများ ကို ဟောပြောဆွေးနွေးသည်။
ထို့နောက်  စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေး သည့် အမျိုးသားစာပေတစ်သက်တာဆု ရှင်   အလင်္ကာကျော်စွာ  ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) အား  ရန်ကုန်တိုင်း ဒေသကြီး  စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ   တိုင်းဒေသကြီး   လူမှု ရေးရာဝန်ကြီး ဦးဌေးအောင်က ဂုဏ်ပြု လက်ဆောင်ချီးမြှင့်သည်။
ယင်းနောက်   ရန်ကုန်တိုင်းဒေသ ကြီး   ကမာရွတ်မြို့နယ်    လေ့ကျင့်ရေး အထက်တန်းကျောင်းမှ   ကျောင်းသား ကျောင်းသူများက  “ဘက်စုံပညာရည် တို့လှမ်းချီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက် ကြပြီး   ပြည်ထောင်စုဝန်ကြီးနှင့်တိုင်း ဒေသကြီး  ဝန်ကြီးချုပ်တို့က  ဂုဏ်ပြုဆု ငွေများ ပေးအပ်သည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊    တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများ သည်   ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုကြသည်။  
သတင်းစဉ်