ဒုတိယဝန်ကြီး ဦးရဲတင့် ပဲခူးတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်   မေ   ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို     ကြည့်ရှု စစ်ဆေးပြီး    တိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ထန်းတပင်နှင့်ဒိုက်ဦးမြို့နယ်ဦးစီး မှူးများ၊ စာကြည့်တိုက်သင်တန်းတက်ရောက်နေသည့်   မြို့နယ် ဦးစီးမှူးများအား တွေ့ဆုံမှာကြား သည်။
ထို့နောက် ပဲခူးမြို့  မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံကို    ကြည့်ရှုစစ်ဆေး ပြီး   ဝန်ထမ်းများအား    တွေ့ဆုံ မှာကြားသည်။
မွန်းလွဲပိုင်းတွင် တောင်ငူမြို့ မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို   ကြည့်ရှု စစ်ဆေးကာ   လိုအပ်သည်များ မှာကြားပြီး တောင်ငူခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန  စာကြည့်တိုက်နှင့်    ရုံးစာ ရေးသားနည်း    အခြေခံသင်တန်း တက်ရောက်နေသော မြို့နယ်များ မှ ဒုတိယဦးစီးမှူးများနှင့်ဝန်ထမ်း များ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များ၊ ရေတာရှည်နှင့်  အုတ်တွင်း မြို့နယ်တို့မှ   ဦးစီးမှူးများအား တွေ့ဆုံမှာကြားသည်။
ဝန်ထမ်းများနှင့်  တွေ့ဆုံရာ တွင် ဒုတိယဝန်ကြီးက  ကျေးရွာ များတွင်     စာကြည့်တိုက်များ ဖွင့်လှစ်ပြီး  စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာများ နှင့်ညှိနှိုင်းဆောင်ရွက်ရေး၊ ကျောင်း နေအရွယ်     ကလေးအားလုံး ကျောင်းအပ်နှံရေး၊ ဝန်ထမ်းများအရည်အချင်းပြည့်ဝရေးအတွက် လေ့လာဆည်းပူးပြီး    လုပ်ငန်း ကျွမ်းကျင်မှုရှိရေး၊ နိုင်ငံ့ဝန်ထမ်း သစ္စာဓိဋ္ဌာန်  (၆) ချက်နှင့်အညီ ဝန်ထမ်းကောင်း    ပီသစွာဖြင့် တာဝန်ကျေပွန်ရေး၊ စက်ပစ္စည်း ကိရိယာများ    ရေရှည်သုံးစွဲနိုင် အောင် ထိန်းသိမ်း ကိုင်တွယ်ရေး၊ မီးဘေးလုံခြုံရေးဂရုပြုရန်တို့ကို မှာကြားခဲ့သည်။ 
သတင်းစဉ်