နိုင်ငံတော်အစိုးရက ဆော်ဒီအာရေဗျနိုင်ငံ Dammam မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူနှစ်ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့

ရန်ကုန်  မေ ၁၁  
နိုင်ငံတော်အစိုးရအနေဖြင့်  ပြည်ပတွင်ရောက်ရှိနေ သည့်  အမိနိုင်ငံသားများ   အခက်အခဲကြုံတွေ့နေရ ပါက မည်သို့သော အခြေအနေကြုံတွေ့ရသည်ဖြစ်စေ နိုင်ငံသားများအပေါ်  အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးတို့ ချိတ်ဆက် ၍    မြန်မာနိုင်ငံသို့    အေးချမ်းလုံခြုံစွာ     အမြန်ဆုံး ပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျ နိုင်ငံ၊ Dammam မြို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူနှစ်ဦးအား    အမိနိုင်ငံသို့    အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန်     မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့် ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင်      မြန်မာနိုင်ငံသို့    ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့သည်။  ထိုသို့ခေါ်ဆောင်ရာတွင် မသိန်းရွှေ သည်   ဆော်ဒီအာရေဗျနိုင်ငံ   Dammam  မြို့မှ မေ ၉  ရက်  ဒေသစံတော်ချိန်  ည ၈ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးစဉ်ဖြင့်  ထွက်ခွာခဲ့ပြီး  မေ ၁၀ ရက် တွင်     တရုတ်နိုင်ငံ      ရှန်ဟိုင်းမြို့နှင့်     ထိုင်းနိုင်ငံ ဘန်ကောက်တို့မှတစ်ဆင့်  ဆက်လက်ထွက်ခွာလာခဲ့ ရာ   ရန်ကုန်မြို့သို့   ယနေ့   နံနက်   ၁၁    နာရီခွဲတွင် ပြန်လည်ရောက်ရှိခဲ့သည်။
ဆော်ဒီအာရေဗျနိုင်ငံ      Dammam    မြို့တွင် အခက်အခဲများစွာ         ရင်ဆိုင်ခဲ့ရမှုနှင့်စပ်လျဉ်း၍ မသိန်းရွှေက    “ကျွန်မက  ရွှေပြည်သာမြို့နယ်ကပါ။ Dammam မြို့မှာအလုပ်လုပ်တာ တစ်နှစ်ကျော်ပါပြီ။ သက်ကြီးရွယ်အိုတစ်ဦးကို စောင့်ရှောက်ရတဲ့အပြင် အိမ်အလုပ်လည်းလုပ်ရတယ်။       မိသားစုလည်း များကြတယ်။ ဆက်ပြီးအလုပ်လုပ်လိုစိတ်  မရှိတာ ကြောင့် နောက်ပိုင်းမြန်မာပြည်ကို ပြန်ခွင့်တောင်း တော့ ပြန်ခွင့်မပြုတာနဲ့ ရီရတ်ဒ်မြို့မှာရှိတဲ့ မြန်မာ သံရုံးကို အကူအညီတောင်းခံခဲ့တာပါ။ သံအမတ်ကြီး အကူအညီနဲ့ မြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့တော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။      သံရုံးဝန်ထမ်း တွေကလည်း  နွေးနွေးထွေးထွေးကြိုဆိုပြီး  မြန်မာ ပြည်ကိုပြန်နိုင်ဖို့အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ပါ တယ်။ ကျေးဇူးဆပ်ခွင့်ရရင်လည်း  ကျေးဇူးဆပ်ချင် ပါတယ်။   ပြည်ပမှာနေတဲ့သူတွေဟာ  အမိမြေကို မလွမ်းတဲ့သူ မရှိပါဘူး။ အမိမြေကို ပြန်လည်ရောက်ရှိ အောင်    ကူညီဆောင်ရွက်ပေးကြတဲ့      နိုင်ငံတော် အကြီးအကဲတွေနဲ့   သံမှူးကြီးကို    အထူးပဲကျေးဇူး တင်ပါတယ်”ဟု ရင်တွင်းပီတိစကား ပြောကြားသည်။
အလားတူ  ဆော်ဒီအာရေဗျနိုင်ငံ   Dammam မြို့တွင်    အလုပ်လုပ်ကိုင်သည်      မဥမ္မာမြင့်သည် အလုပ်ရှင်နေအိမ်တွင်  တစ်လတာ အလုပ်လုပ်ကိုင် ခဲ့ပြီး  ဆက်လက်မလုပ်ကိုင်လိုတော့သဖြင့်  ဒူဘိုင်း မြို့သို့သွားလိုကြောင်း  ခွင့်တောင်းခဲ့ရာ    အိမ်ရှင်မှ ဒူဘိုင်းမြို့သို့ထွက်ခွာမည့်    မော်တော်ယာဉ်ဂိတ်သို့ ပို့ဆောင်ပေးခဲ့ရာမှ ဆော်ဒီအာရေဗျနိုင်ငံမှ ယူအေအီး နိုင်ငံသို့   ထွက်ခွာလာစဉ်   နယ်စပ်ဂိတ်အရောက်၌ တာဝန်ရှိသူများက     ရီရတ်ဒ်မြို့သို့   ထွက်ခွာမည့် မော်တော်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပြီး မြန်မာ သံရုံးသို့   ဧပြီ  ၁၅   ရက်တွင် ရောက်ရှိခဲ့ရာ သံရုံးမှ သံမှူးကြီးနှင့်   ဝန်ထမ်းများက   နွေးထွေးစွာ  ကူညီ စောင့်ရှောက်၍   မြန်မာနိုင်ငံသို့  ပြန်လည်ထွက်ခွာ နိုင်ရေး   သက်ဆိုင်ရာတာဝန်ရှိသူများနှင့်      ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မဥမ္မာမြင့်သည် မေ ၁၀ ရက်တွင် ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန်   ည  ၉   နာရီ   ၁၀    မိနစ်တွင် လေကြောင်းလိုင်းဖြင့်   ထွက်ခွာလာခဲ့ပြီး   ဒူဘိုင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်တို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ယနေ့ညနေ ၄ နာရီခွဲတွင် ရောက်ရှိခဲ့သည်။  Damm-am   မြို့   အလုပ်ရှင်နေအိမ်တွင်    အခက်အခဲများ ကြုံတွေ့ခဲ့ရမှုနှင့်  မြန်မာသံရုံးက ကူညီစောင့်ရှောက် ပေးခဲ့မှုနှင့်စပ်လျဉ်း၍    မဥမ္မာမြင့်က    “ကျွန်မက တောင်ငူမှာနေပါတယ်။   အသက်  ၃၁   နှစ်  ရှိပါပြီ။ ဒူဘိုင်းကို  မြန်မာအေးဂျင့်နဲ့ချိတ်ဆက်ပြီး   ရောက် သွားပါတယ်။     အဲဒီမှာအလုပ်လုပ်ရင်းနဲ့     ဆော်ဒီ အာရေဗျနိုင်ငံမှာအလုပ်ရတော့     ဆက်လုပ်တယ်။ လုံးဝအဆင်မပြေတော့တာနဲ့ မြန်မာသံရုံးကို ရောက် သွားတော့        မိသားစုလိုပဲ       နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲကြိုဆိုတာ တွေ့ရတော့ ဝမ်းနည်း ဝမ်းသာဖြစ်ခဲ့ရပါတယ်။ ပြီးတော့ ပြဿနာအားလုံးကို ဖြေရှင်းပေးတယ်။   နေစရာ၊   စားစရာကအစ    စီစဉ် ပေးတယ်။ ပြန်တဲ့အထိ အကူအညီပေးကြပါတယ်။ ပြည်ပနိုင်ငံမှာ      ကိုယ့်မြန်မာလူမျိုးအချင်းချင်း ကူညီမှုရရှိတာလောက်      ဝမ်းသာပီတိဖြစ်ရတာ ဘာမှမရှိပါဘူး။ အထူးသဖြင့် နိုင်ငံတော်အကြီးအကဲ တွေ၊    သံအမတ်ကြီးနဲ့   သံရုံးဝန်ထမ်းတွေအားလုံး သက်ရှည်ကျန်းမာပါစေ။  အခုထက်ပိုပြီး   မြန်မာ ပြည်သူပြည်သားတွေကို ကူညီကယ်တင်စောင့်ရှောက် နိုင်ပါစေလို့ ဆုတောင်းလိုပါတယ်”  ဟု  ပြောကြား သည်။
နိုင်ငံတော်အစိုးရအနေဖြင့်   ပြည်ပ၌   အလုပ် လုပ်ကိုင်စဉ်   အခက်အခဲကြုံတွေ့ရသည့်     မြန်မာ နိုင်ငံသားများကို မြန်မာသံရုံး၏ ညှိနှိုင်းဆောင်ရွက် မှုဖြင့်    ကူညီဆောင်ရွက်ပေးခဲ့ရာ      အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ယခုလို အမိနိုင်ငံသူ  နှစ်ဦး အတိဒုက္ခကြုံတွေ့နေစဉ် ကူညီကယ်တင်ပေးမှု ကို  အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော် အစိုးရနှင့်    မြန်မာသံရုံးတို့အား    လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။ 
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ- သီဟ