ကနေဒါနိုင်ငံအနောက်ပိုင်း ဒေသနှစ်ခု၌ တောမီးလောင်မှုအရေးပေါ်သတိပေး

အော့တဝါ   မေ  ၁၁
ကနေဒါနိုင်ငံ        အနောက်ပိုင်း အယ်လ်ဘာတား    ပြည်နယ်ရှိ ဖော့မက်မာရေးနှင့်      ဆာပေ့ချိ အက်စတိတ်စ်ဒေသ     နှစ်ခုတို့၌ မထိန်းချုပ်နိုင်သည့်     တောမီး လောင်မှုကြောင့်   ပြည်သူများ ဘေးလွတ်ရာသို့   ပြောင်းရွှေ့ရန် မေ  ၁၀  ရက်က   ထုတ်ပြန်ထား သည်။   လက်ရှိတွင်    ဖော့မက်မာ ရေး၏    အနောက်တောင်ဘက်  ၂၅    ကီလိုမီတာခန့်အကွာတွင် တောမီးလောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါဒေသများရှိ ဒေသခံများ ကို  အချိန်တိုအတွင်း  ဘေးလွတ် ရာသို့  ပြောင်းရွှေ့ရန် တိုက်တွန်း ထားကြောင်း၊  နိုင်ငံတစ်ဝန်း မေ ၁၀ ရက်က တောမီးလောင်မှုပေါင်း   ၁၁၇   မှုရှိသည့်အနက်  ၃၃  မှုကို  ထိန်းချုပ်နိုင်ခဲ့ကြောင်း     ကနေဒါ သစ်တောနှင့် မီးသတ်စင်တာက  ထုတ်ပြန်ထားသည်။
ကနေဒါနိုင်ငံတစ်ဝန်း သာမန် အပူချိန်ထက်ပိုပါက    တောမီး လောင်မှုအန္တရာယ် ပိုမိုဖြစ်ပွားလာ နိုင်ကြောင်း    ကနေဒါအစိုးရက ကြာသပတေးနေ့က    သတိပေး ထားသည်။
ကနေဒါနိုင်ငံတစ်ဝန်း   ၂၀၂၃ ခုနှစ်အတွင်း  မီးလောင်မှုပေါင်း ၇၁၃၁  မှုရှိပြီး   မြေ   ၁၇၂၀၃၆၂၅ ဟက်တာမီးလောင်ခဲ့သဖြင့် ၂၀၂၃ ခုနှစ်သည် တောမီးလောင်မှု အမြင့် ဆုံးစံချိန်တင်ခဲ့ကြောင်း  ကနေဒါ အမျိုးသားမီးဘေးအချက်အလက် များက ထုတ်ပြန်ထားသည်။
ဆင်ဟွာ