၂၀၂၄ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော်    မေ   ၁၀ 
တပ်မတော်(ရေ)က  ၂၀၂၄ ခုနှစ် ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်       သင်တန်းများကို လေ့ကျင့်   သင်ကြားလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေရှိ   နေပြည်တော်စခန်း တန်းခွဲ(၂)တွင်  အခြေခံ ရေတပ် သား   ဘာသာရပ်နှင့်   ရေတပ် အချက်ပြဆက်သွယ်ရေး ဘာသာ ရပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးရှိ အင်းယားရေကြောင်း လူငယ်စခန်းနှင့်   ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ် စခန်းတို့တွင် လှေလှော်ရွက်တိုက် ဘာသာရပ်ကို   လည်းကောင်း တာဝန်ရှိသူ       နည်းပြများက လေ့ကျင့်   သင်ကြားပေးလျက်ရှိ သည်။ 
အလားတူ တပ်မတော်(လေ) က ၂၀၂၄ ခုနှစ် အခြေခံလေကြောင်း လူငယ်သင်တန်းနှင့်    တန်းမြင့် လေကြောင်း လူငယ်သင်တန်းများ ကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ  ယနေ့တွင်    အခြေခံစစ်ရေးပြ ဘာသာရပ်၊   လေကြောင်းပညာ သမိုင်းဘာသာရပ်၊     လေယာဉ်  ပျံသန်းမှု အခြေခံသဘောတရား ဘာသာရပ်၊  လေကြောင်းဆိုင်ရာအခြေခံဗဟုသုတများ ဘာသာရပ်၊ Airfield Procedure   ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း နှင့်   ဇာတိသွေး၊   ဇာတိမာန် ဘာသာရပ်၊ RC လေယာဉ်/ ရဟတ်  ယာဉ်မောင်းနှင်ခြင်း ဘာသာရပ် နှင့်    RC/Flight   Simulator မောင်းနှင်ခြင်း   ဘာသာရပ်များ အပြင် တပ်မတော်(လေ)၏ နေ့စဉ်  လုပ်ငန်းဆောင်တာများကို သိရှိ နားလည်စေရန်    ပျံသန်းရေး အုပ်များနှင့် ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများတွင်    လက်တွေ့ ကွင်းဆင်း  လေ့လာခြင်းများကို လေ့ကျင့်   သင်ကြားပေးလျက် ရှိသည်။ (အပေါ်ပုံ)ထိုသို့    ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ    လေကြောင်းလူငယ် သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများ   လေ့ကျင့် သင်ကြားပို့ချနေမှုများကို သက်ဆိုင်  ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန် ရှိသူများက  သွားရောက်ကြည့်ရှု အားပေးပြီး   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ထို့ပြင် ပုသိမ်မြို့ လေကြောင်း လူငယ်စခန်းမှ   သင်တန်းသား သင်တန်းသူများသည်   မိတ္ထီလာ မြို့သို့   လေ့လာရေးခရီး   သွား ရောက်ရန်အတွက်   တပ်မတော် လေယာဉ်ဖြင့်    ထွက်ခွာကြရာ အနောက်တောင်တိုင်း    စစ်ဌာန ချုပ် တိုင်းမှူး  ဗိုလ်ချုပ် ဝေလင်း နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။      သတင်းစဉ်