ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော်   မေ   ၈
ဆောက်လုပ်ရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီး    ဦးဝင်းဖေသည်  ယနေ့မွန်းလွဲပိုင်းတွင်   ရန်ကုန် -  မန္တလေးအမြန်လမ်းမကြီး(နေပြည်တော် - ရန်ကုန် လမ်းပိုင်း) ပေါ်ရှိ  တောင်ငူတိုးလ်ဂိတ်၊  ဖြူးတိုးလ် ဂိတ်၊   ဒရယ်မီး  တိုးလ်ဂိတ်၊   ဘောနက်ကြီးတိုးလ် ဂိတ်၊ အမှတ် (၃)   တိုးလ်ဂိတ်တို့မှ    လမ်းအသုံးပြုခ  ကောက်ခံနေသည့်  လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးရာ  အမြန်လမ်းမကြီး    ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့  ညွှန်ကြား ရေးမှူး (မြို့ပြ)နှင့် ဂိတ်တာဝန်ခံများက တိုးလ်ဂိတ် များတွင် ရေ၊ မီးရရှိမှု ၊  CCTV တပ်ဆင်အသုံးပြုမှု၊ Computer စနစ်ဖြင့်  လမ်းအသုံးပြုခ  ကောက်ခံ ဆောင်ရွက်နေမှု၊  လမ်းအသုံးပြုခ  ကောက်ခံရရှိမှု များကို စာရင်းဇယားများနှင့်တကွ  ရှင်းလင်းတင်ပြ သည်။
ကြပ်မတ်ဆောင်ရွက်
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက တိုးလ်ဂိတ်များ၌   လမ်းအသုံးပြုခ  ကောက်ခံရာ တွင်   ယာဉ်စာရင်းအရေအတွက်နှင့် ကောက်ခံရရှိငွေ  မှန်ကန်စွာ စာရင်းရေးသွင်းရေး၊   ကောက်ခံရရှိငွေ များ လေလွင့်ပျောက်ဆုံးမှုမရှိစေရေး၊    တိုးလ်ဂိတ် အားလုံး CCTV Computer   စနစ်ဖြင့် ဆောင်ရွက်စေ ပြီး   လျှပ်စစ်မီးမပြတ်တောက်စေရေး၊   ကောက်ခံ ရရှိငွေစာရင်းဇယားများ   ပြုလုပ်ရာတွင်   ရုံးချုပ်မှ သတ်မှတ်ထားသည့် ပုံစံအတိုင်း လိုက်နာဆောင်ရွက် ရေး၊ တိုးလ်ဂိတ်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ပြီး       ဥပဓိရုပ် ကောင်းမွန်စေရေးတို့ကို တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ရန်   မှာကြားခဲ့ ကြောင်း သိရသည်။                             သတင်းစဉ်