
နေပြည်တော် မေ ၇
အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင် ပြည်နယ်သို့ ပြန်လည်ထူထောင် ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မှာယူသည့် စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးဆီ၊ ကျန်းမာရေးသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ပရိဘောဂများနှင့် ထင်းအစားထိုး လောင်စာများ အပါအဝင် စုစုပေါင်းတန်ချိန် ၁၅၀၄ ဒသမ ၄၃ တန်ကို ကုန်တင် ရေယာဉ်ဖြင့် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေ ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေ ယာဉ်များအပါအဝင် ရေယာဉ် ၄၆ စင်းဖြင့် ဆောက်လုပ်ရေးသုံး ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး နှင့် ကျန်းမာရေးပစ္စည်း၊ လူသုံး ကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေး ပစ္စည်း စုစုပေါင်း ၆၇၇၄၁ ဒသမ ၉၂ တန်နှင့် ဒီဇယ် ၂၄၉၇၆၂ ဂါလန်၊ Octane 92 ၁၉၉၈၈၆ ဂါလန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်