တိရစ္ဆာန်ဆေးကုသိပ္ပံနှင့် ဒီပလိုမာ (၁)နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်    မေ    ၃
စိုက်ပျိုးရေး၊     မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   မွေးမြူ ရေးနှင့်   ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ဆေးကုသိပ္ပံနှင့် ဒီပလိုမာ (၁)နှစ် သင်တန်းဖွင့်ပွဲအခမ်းအနား ကို      ယမန်နေ့    နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး    အင်းစိန် မြို့နယ်ရှိ      တိရစ္ဆာန်ဆေးကုသိပ္ပံ ကျောင်းဝင်း၌ကျင်းပရာ   အခမ်း အနားသို့     ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊          မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေး ပညာကောင်စီဥက္ကဋ္ဌ၊  မြန်မာနိုင်ငံ တိရစ္ဆာန်   ဆရာဝန်များအသင်း ဥက္ကဋ္ဌ၊  မွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌ၊    ရန်ကုန်တိုင်းဒေသ ကြီး မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန   ဝန်ထမ်းများ၊   တိရစ္ဆာန် ဆေးကုသိပ္ပံ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊      သင်တန်းသား သင်တန်းသူများ   တက်ရောက်ကြ သည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ဦးစွာ ပြည်တောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်  တိရစ္ဆာန် ဆေးကုသိပ္ပံ ကျောင်းဝင်းအတွင်းရှိ တိရစ္ဆာန်ဆေးကုသိပ္ပံ  ဆိုင်းဘုတ် ကို    စက်ခလုတ်နှိပ်၍    ဖွင့်လှစ် ပြီး  အမွှေးနံ့သာရည်များ     ပက်ဖျန်းပေးသည်။
ထို့နောက်      ပြည်ထောင်စု ဝန်ကြီးသည်      မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏   တိရစ္ဆာန် ဆေးကုသိပ္ပံ    အုပ်ချုပ်ရေးခန်းမ ဆောင်၌   တိရစ္ဆာန်ဆေးကုသိပ္ပံ၊ ဒီပလိုမာ   (၁)နှစ်သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့်စပ်လျဉ်း၍ အမှာ စကားပြောကြားရာတွင်  မွေးမြူ ရေးနှင့်    ကုသရေးဦးစီးဌာနသည် နိုင်ငံတော်၏      အသားကဏ္ဍ ပိုမိုဖွံ့ဖြိုးရေးအတွက်        မွေးမြူ ထုတ်လုပ်မှုနှင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ    လူ့ စွမ်းအားအရင်းအမြစ်များ တိုးမြှင့် ပေးနိုင်ရန် ကာလတို၊  ကာလရှည် သင်တန်းများပေးခြင်းကို     နှစ်စဉ် ပုံမှန်        ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊  တိရစ္ဆာန်ရောဂါကာကွယ် ကုသရေးဆိုင်ရာ အတတ်ပညာကို ကျွမ်းဝင်နားလည်သည့်  ပညာရှင် ဝန်ထမ်းများအဖြစ်       လေ့ကျင့် မွေးထုတ်ပေးပြီး   စိုက်ပျိုးမွေးမြူ ရေးကို   အခြေခံသည့်  ကျေးလက် ဒေသများ၏      လူမှုစီးပွားဘဝ မြှင့်တင်ရေးလုပ်ငန်းများ   ဆောင် ရွက်ရာတွင်  မွေးမြူရေးကဏ္ဍဖြင့် ကျယ်ကျယ်ပြန့်ပြန့်   ဆောင်ရွက် ပေးနိုင်ရန်       ရည်ရွယ်၍    ယခု တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းကို ယနေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
မွေးမြူထုတ်လုပ်မှု တိုးတက် ရန်အတွက်  မွေးမြူတိရစ္ဆာန်များ ၏    ကျန်းမာရေးကို      ထိထိ ရောက်ရောက်  စောင့်ရှောက်မှုပေး နိုင်ရန်   သင်တန်းတွင်  တိရစ္ဆာန် ရောဂါ   ကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနိုင် သည့်   အခြေခံဆေးကုသရေး ပညာရပ်များကို      သင်ကြား လေ့ကျင့်ပေးသွားမည်   ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါ က  တိရစ္ဆာန်ဆေးကု   ဒီပလိုမာ (Dip.V.Sc)    ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊  ဌာန၏လုပ်ငန်းများ ကို   အရည်အသွေး   မြင့်မားစွာ ဆောင်ရွက်နိုင်မည့်နည်းတူ  မိမိ အတွက်  အသက်မွေးဝမ်းကျောင်း အထောက်အကူ  ပညာရပ်တစ်ခု ကို  တတ်မြောက်သွားစေမည်ဖြစ် ၍ သင်တန်းသား သင်တန်းသူများ အနေဖြင့်   နိုင်ငံတော်အတွက် သာမက သင်တန်းတက်ရောက်သူ များအတွက်ပါ   အကျိုးကျေးဇူး ကောင်းများရရှိမည့်  သင်တန်းဖြစ် သောကြောင့်   သင်တန်းကျောင်း က သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ  ထူးချွန် အောင်       ကြိုးစားသင်ယူကြရန် တိုက်တွန်းပြောကြားသည်။ 
ရှင်းလင်းပြောကြား
ယင်းနောက်  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန   ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ  ရဲထွန်းဝင်းက သင်တန်းကျောင်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိသည့်  လုပ်ငန်း များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်       သင်တန်းသား သင်တန်းသူများကို        ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားပြောကြားပြီး       သင်တန်း စာသင်ဆောင်တွင်        စတင် သင်ကြားပို့ချနေမှုကို  ကြည့်ရှုပြီး  လိုအပ်ချက်များ        ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 
တိရစ္ဆာန်ဆေးကု       သိပ္ပံ၊ ဒီပလိုမာ    (၁)နှစ်သင်တန်းကို တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက် ပေးနိုင်ရန်  အခြေခံတတ်မြောက် ထားရမည့်    ခန္ဓာဗေဒ၊   ဇီဝကမ္မ ဗေဒ၊       မွေးမြူရေးသိပ္ပံပညာ၊ အာဟာရဗေဒ၊ မေထုန်မဲ့သားစပ် ပညာ    စသည့်    ဘာသာရပ်များ အပြင်   သားဖွားမီးယပ်  ပညာ၊ အဏုဇီဝဗေဒ၊       ကပ်ပါးဗေဒ၊ ရောဂါဗေဒ၊           ဆေးဝါးဗေဒ၊ တိရစ္ဆာန်ဆေးပညာ၊   အခြေခံ ခွဲစိတ်ပညာ၊       တိရစ္ဆာန်ကူးစပ် ရောဂါပညာ၊  ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပညာ       စသည့် ဘာသာရပ်များကို        စာတွေ့၊ လက်တွေ့         ပေါင်းစပ်သင်ကြား ပေးသွားမည်ဖြစ်ပြီး    သင်တန်း ပြီးဆုံးပါက      တိရစ္ဆာန်ဆေးကု ဒီပလိုမာ(Dip.V.Sc)  ဘွဲ့    ချီးမြှင့် သွားမည်ဖြစ်ကြောင်း၊     အဆိုပါ သင်တန်းသို့ သိပ္ပံဘွဲ့ရရှိထားသည့် ဌာနတွင်းမှ သင်တန်းသား ငါးဦး နှင့်  သိပ္ပံဘွဲ့ရရှိထားသူ   ပြင်ပ သင်တန်းသား ၆၁ ဦး  စုစုပေါင်း ၆၆  ဦး      တက်ရောက်လျက်ရှိ ကြောင်း သိရသည်။  သတင်းစဉ်