ကျိုက်ထိုမြို့နယ်၌ NGO အဖွဲ့အစည်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့  လက်တွဲပြီး TB နှင့် HIV ဝေဒနာရှင်များကို ကူညီမည်

ရန်ကုန်  မေ  ၁
မွန်ပြည်နယ်   ကျိုက်ထိုမြို့နယ် ၌   NGO   အဖွဲ့အစည်းများနှင့် မြို့နယ်  ကျန်းမာရေးဦးစီးဌာတို့ လက်တွဲ၍TB နှင့် HIV ဝေဒနာရှင် များကို ရှာဖွေဖော်ထုတ်ပြီး လိုအပ် သည့်အကူအညီများကို ပေးသွား မည်ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ကျိုက်ထိုမြို့နယ်၌  HIV / TB        ရောဂါရှင်များအတွက်ဝမ်းမြောက် ဖွယ်      သတင်းကောင်းတစ်ခု ဖြစ်ကြောင်း  အဆိုပါဆေးရုံကြီး က  အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။
အဆိုပါ   အသိပေးထုတ်ပြန် ချက်တွင်   NGO   အဖွဲ့အစည်း များဖြစ်သည့်  IOM  နှင့်   မေတ္တာ စေတမာန်အဖွဲ့က  မြို့နယ်ကျန်းမာ ရေးဦးစီးဌာနနှင့် လက်တွဲပြီး TB နှင့် HIV ဝေဒနာရှင်များကို ရှာဖွေ ဖော်ထုတ်ကာ     လိုအပ်သည့် အကူအညီများကို   ပေးသွားမည် ဖြစ်​ကြောင်း အဆိုပါဆေးရုံကြီးမှ အသိပေးကြေညာထားချက်တွင် ပါရှိသည်။
ထို့ကြောင့် ဓာတ်မှန်ရိုက်ရန်မတတ်နိုင်သူများ၊ သွေးစစ်ဆေး ရန် လိုအပ်သည့် လူနာများ၊ ရောဂါ စစ်ဆေးရန် ခရီးစရိတ်မတတ်နိုင် သူများ၊ ဆေးရုံတက်ချိန် အခက်အခဲ ရှိသူလူနာများကို  အကူအညီပေး ထောက် ပံ့မှုပေးသွားမည်ဟုလည်း ဆိုသည်။   ယင်းအပြင်  အဆုတ် ရောဂါ   ဝေဒနာရှင်များကိုလည်း ဆေးရောဂါ    ပျောက်ကင်းသွား သည်အထိ လိုအပ်သည့် အာဟာရ များအတွက် လစဉ်ထောက်ပံ့ကူညီ ပေးသွားမည်ဟုလည်း ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ အသိ ပေးကြေညာထားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ၊ တီဘီ / အိပ်ချ်အိုင်ဗွီနှင့်  ဆေး ယဉ်ပါးတီဘီရောဂါအဖြစ် အများ ဆုံး နိုင်ငံ ၃၀ တွင် အပါအဝင်ဖြစ် ပြီး WHO ၏ Global TB report (2023)  အရ   ၂၀၂၂   ခုနှစ်တွင် မြန်မာနိုင်ငံ၌  လူဦးရေတစ်သိန်း တွင် တီဘီလူနာသစ်ဖြစ်ပွားနှုန်း ၄၇၅ ဦးရှိပြီး သေဆုံးနှုန်းမှာ  ၈၀ ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက် ရေးစီမံကိန်းမှ     ဦးဆောင်ပြီး ပြည်တွင်း / ပြည်ပမိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို   အမျိုးသားမဟာဗျူဟာစီမံ ကိန်း(National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက် လျက်ရှိကာ တီဘီရောဂါကာကွယ် ကုသရေး    လုပ်ငန်းများအတွက် တီဘီဆေးများဝယ်ယူရန် (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ်မှစတင်၍ နိုင်ငံတော်ရန်ပုံငွေဖြင့်     ဝယ်ယူ ဖြည့်တင်းပေးလျက်ရှိပြီး   နှစ်စဉ် ရန်ပုံငွေများ  တိုးမြှင့်ခွဲဝေချထားပေးလျက်ရှိကြောင်းလည်း ကျန်း မာရေးဝန်ကြီးဌာနမှ သိရသည်။
MT