၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်း လူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော်  မေ  ၁ 
ကျောင်းသားကျောင်းသူ မျိုးဆက် သစ်      လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလ အတွင်း   အသိပညာများ    ဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊    မိမိဝါသနာ ပါသည့် ပညာရပ်များကို လေ့လာ ဆည်းပူးနိုင်စေရန်နှင့်  နိုင်ငံတော် အတွက်        ရေကြောင်းပညာ၊ လေကြောင်းပညာ     ကျွမ်းကျင် သော    အနာဂတ်မျိုးဆက်သစ် လူငယ်များ    ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော် (ရေ)က ရေကြောင်း        လူငယ်အခြေခံ နှင့်       တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)  က    အခြေခံ လေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း      လူငယ် သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက် တွင် သက်ဆိုင်ရာမြို့နယ်  အသီး သီးရှိ         သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်     သင်ကြားပေးလျက်ရှိ သည်။    
လေ့ကျင့်သင်ကြား
ထိုသို့       လေ့ကျင့်သင်ကြား လျက်ရှိရာ ယနေ့တွင် တပ်မတော် (ရေ)  က     ရေကြောင်းလူငယ် အခြေခံနှင့်    တန်းမြင့်သင်တန်း များကို     နေပြည်တော်ကောင်စီ နယ်မြေရှိ    နေပြည်တော်စခန်း တန်းခွဲ (၁)     ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား သင်တန်း သူ ၅၉ ဦး၊   နေပြည်တော်စခန်း တန်းခွဲ(၂)        ရေကြောင်းလူငယ် စခန်းမှ  သင်တန်းသား သင်တန်း သူ ၁၂၂  ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယား         ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား သင်တန်း သူ   ၉၇  ဦး၊     ကိုကိုးကျွန်းမြို့ရှိ ရေကြောင်း      လူငယ်စခန်းမှ သင်တန်းသား   သင်တန်းသူ  ၄၃ ဦး၊       ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ     သင်တန်းသား သင်တန်းသူ ၁၅၅ ဦး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ     ရေကြောင်း လူငယ်စခန်းမှ    သင်တန်းသား သင်တန်းသူ    ၇၀၊   တနင်္သာရီ တိုင်းဒေသကြီး     ဟိန်းဇဲဒေသရှိ ရေကြောင်း       လူငယ်စခန်းမှ သင်တန်းသား   သင်တန်းသူ ၆၀၊ မြိတ်မြို့ရှိ    ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား  သင်တန်း သူ ၅၄ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ       သင်တန်းသား သင်တန်းသူ   ၅၂   ဦး၊   မန္တလေး တိုင်းဒေသကြီး      မန္တလေးမြို့ရှိ    ရေကြောင်း     လူငယ်စခန်းမှ သင်တန်းသား  သင်တန်းသူ ၆၁ ဦးနှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ရေကြောင်း      လူငယ်စခန်းမှ သင်တန်းသား  သင်တန်းသူ   ၄၅ ဦးတို့ကို တာဝန်ရှိသူနည်းပြများ က လေ့ကျင့်သင်ကြားပေးလျက် ရှိပြီး သက်ဆိုင်ရာမြို့နယ် အသီး သီးရှိ တပ်မတော်(ရေ) ရေကြောင်း လူငယ်သင်တန်းစခန်း   ၁၀   ခုမှ သင်တန်းသား       သင်တန်းသူ  စုစုပေါင်း    ၈၁၈    ဦးတို့ကို   လေ့ကျင့်သင်ကြားပေးလျက်  ရှိ သည်။ 
အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ် သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများကို ဖွင့်လှစ် သင်ကြား လေ့ကျင့်ပေးလျက်ရှိပြီး ယနေ့တွင် သင်တန်းသားသင်တန်း သူများအား     လေကြောင်းအသိ ပညာနှင့်   ဒေသန္တရ    ဗဟုသုတ တိုးပွားလာစေရန်   ရည်ရွယ်ပြီး သက်ဆိုင်ရာ       သင်တန်းစခန်း အလိုက်   နည်းပြ/   အုပ်ချုပ်သူ များနှင့် တာဝန်ရှိသူများမှ ဦးစီး၍ တပ်မတော်(လေ)  လေတပ်စခန်း ဌာနချုပ်များနှင့်    လေတပ်စခန်း များရှိ      ပျံသန်းရေးအုပ်များသို့ လည်းကောင်း (ဝဲပုံ)၊ အခြားဗဟု သုတ    ရဖွယ်နေရာများနှင့် ဒေသ အလိုက် အထင်ကရနေရာများသို့ လည်းကောင်း ပို့ဆောင်ပေးခဲ့ကြ သည်။  
ကြည့်ရှုအားပေး 
ထိုသို့   ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံလေကြောင်း     လူငယ် သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများ      လေ့ကျင့် သင်ကြား      ပို့ချနေမှုများနှင့် လေ့လာရေး ဆောင်ရွက်နေမှုများ ကို     သက်ဆိုင်ရာတာဝန်ရှိသူ များက     သွားရောက်ကြည့်ရှု အားပေး      ရှင်းလင်းပြသပြီး        လိုအပ်သည်များ  ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြကြောင်း         သတင်း ရရှိသည်။
သတင်းစဉ်