
ညောင်ဦး မေ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားများကို ယနေ့နံနက် ၆ နာရီခွဲမှစတင်၍ ဖူးမြော်ကြပြီး စုရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
ပုဂံလူရည်ချွန်စခန်းမှ လူရည် ချွန်ကျောင်းသား ကျောင်းသူများ သည် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရားနှင့် စူဠာမဏိ ဘုရားတို့အား ဖူးမြော်ကြည်ညိုကြ ပြီး လူရည်ချွန်ကျောင်းသား ကျောင်းသူများ စုပေါင်းလှူဒါန်း သည့် အလှူငွေများကို မန္တလေး တိုင်း ပညာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုး ထွန်းနှင့် လူရည်ချွန်ကျောင်းသား ကျောင်းသူများက ဘဏ္ဍာတော် ထိန်းဂေါပကဥက္ကဋ္ဌတို့ထံ ပေးအပ် လှူဒါန်းကြသည်။ ဆက်လက်၍ လူရည်ချွန်ကျောင်းသား ကျောင်းသူ များအား ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများက ဘုရားကြီးများ သမိုင်းကြောင်း၊ တည်ထားကိုးကွယ်ခဲ့သည့် မင်းများ နှင့် ရှေးဟောင်းအင်္ဂတေပန်းများ၊ ဗိသုကာလက်ရာများအကြောင်း ကို ရှင်းလင်းပြသရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရ သည်။ ဘုရားများတွင် ရောင်းချ နေသည့် ပုဂံအမှတ်တရပစ္စည်း အရောင်းဆိုင်များမှ ပုဂံပြန် လက်ဆောင် ပစ္စည်းများကို ကျောင်းသား ကျောင်းသူများ ဝယ်ယူမှုများပြားခဲ့ကြောင်း သိရ သည်။
ဒီပါလင်း