(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်  မီးသတ်တပ်ဖွဲ့ဝင်များ သွေးလှူဒါန်းမှုနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေမှုကြည့်ု

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့် 
မီးသတ်တပ်ဖွဲ့ဝင်များ သွေးလှူဒါန်းမှုနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေမှုကြည့်ရှု အားပေး

နေပြည်တော်    မေ    ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ၂၀၂၄ ခုနှစ် မေ ၅ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက်   မြန်မာနိုင်ငံ   မီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့   နံနက်ပိုင်းတွင်    ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ  နေပြည် တော်ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ  စုပေါင်းသွေးလှူဒါန်းခြင်းနှင့်  ဆေးရုံဝင်း အတွင်း   စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များ     ဆောင်ရွက်နေမှုတို့ကို     ကြည့်ရှု အားပေးသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည်  နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)တွင်  မီးသတ်တပ်ဖွဲ့ဝင် ၆၃ ဦး စုပေါင်းသွေးလှူဒါန်းမှုနှင့် ဆေးရုံ ဝင်းအတွင်း တပ်ဖွဲ့ဝင်အင်အား ၃၀၀ တို့ ဖြင့် သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ ရေမြောင်းများ သန့်ရှင်းရေးပြုလုပ် ခြင်း၊  အမှိုက်များရှင်းလင်းခြင်း  စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုတို့ကို       လှည့်လည်ကြည့်ရှု အားပေးပြီး စုပေါင်းသွေးလှူရှင်များနှင့် သန့်ရှင်းရေး      ဆောင်ရွက်နေကြသည့် တပ်ဖွဲ့ဝင်များကို ခွန်အားပြည့်အာဟာရ  အစားအစာများ ထောက်ပံ့ပေးအပ်သည်။
ယနေ့အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊       မီးသတ်ဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်     ဦးမြတ်သူနှင့် အရာရှိကြီးများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များ     တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။              

သတင်းစဉ်