
နေပြည်တော် ဧပြီ ၃၀
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသားစု များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာန ချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဒုတိယဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ထို့နောက် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ် လှူဒါန်းသည့် ငွေကျပ်သိန်းငါးဆယ်ကိုလည်းကောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်း သည့် ငွေကျပ်သိန်းငါးဆယ်ကိုလည်းကောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (အပေါ်ယာပုံ) တို့က တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်သည်။
ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်