မေ ၁၀ ရက်တွင် စတင်ဖြေဆိုရမည့် (၁၆)ကြိမ်မြောက် EPS-TOPIK စာမေးပွဲ ဝန်ဆောင်မှုလုပ်ငန်းအုပ်စုတွင် မိန်းကလေးဖြေဆိုမည့်အရေအတွက် များပြား

 

ရန်ကုန်   ဧပြီ   ၂၆
မေ  ၁၀ ရက်တွင် စတင်ဖြေဆို ရမည့် (၁၆)ကြိမ်မြောက် EPS - TOPIK     စာမေးပွဲဝန်ဆောင်မှု လုပ်ငန်းအုပ်စုတွင်   မိန်းကလေး ဖြေဆိုသူအရေအတွက်  များပြား ကြောင်း သိရသည်။
“ဒီနှစ်က အမျိုးသမီးတွေကို ပထမဆုံး    ခွင့်ပြုတာဆိုတော့ စိတ်ဝင်တစားနဲ့ လျှောက်ကြတဲ့ သူတွေများတယ်။   ဝန်ဆောင်မှု လုပ်ငန်းအတွက်  ဖြေဆိုမယ့်သူ ၉၀၀၀ လောက်မှာ မိန်းကလေး တွေက သုံးပုံနှစ်ပုံလောက်ပါတာ တွေ့ရတယ်”   ဟု    ကိုရီးယား ဘာသာ အလွတ်သင်တန်းဆရာမ တစ်ဦးက ပြောသည်။
(၁၆) ကြိမ်မြောက်   EPS - TOPIK     စာမေးပွဲကျင်းပမည့် နေ့ရက်အနေဖြင့် စိုက်ပျိုး/မွေးမြူရေးနှင့်ဆောက်လုပ်ရေးလုပ်ငန်း အတွက် ဧပြီ  ၃၀ ရက်မှ မေ  ၁၀ ရက်အထိ       လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်းအုပ်စု(၁)/(၂)အတွက် မေ ၁၀ ရက်မှ   ၂၉  ရက် အထိ   သတ်မှတ်ထားပြီး    ကုန် ထုတ်လုပ်ငန်းအတွက် စာမေးပွဲ ကျင်းပပြုလုပ်မည့်      နေ့ရက်ကို ဆက်လက်     ကြေညာမည်ဟု အစိုးရ     ပြည်ပအလုပ်အကိုင် အေဂျင်စီက  ဧပြီ  ၁၈  ရက်တွင် အသိပေးကြေညာထားသည်။
ထုတ်ပြန်အသိပေး
ကိုရီးယားဘာသာ    အရည် အချင်းစစ်( EPS-TOPIK) စာမေး ပွဲ   ကုန်ထုတ်လုပ်ငန်း   ဖြေဆိုခွင့် လျှောက်ထားပြီး စာမေးပွဲမှတ်ပုံ တင်ကြေး     ပေးသွင်းပြီးသူများ သည်   ဖြေဆိုခွင့်ဖြတ်ပိုင်းတွင် ဖြေဆိုခွင့်အမှတ်စဉ်    ပါရှိမှသာ စာမေးပွဲဖြေဆိုခွင့်     ရရှိမည် ဖြစ်ကာ၊ မပါရှိသူများသည် ဧပြီ ၂၆ ရက် နောက်ဆုံးထား၍ POEA ရုံးသို့အကြောင်းကြားရန်ကိုလည်း အစိုးရ    ပြည်ပအလုပ်အကိုင် အေဂျင်စီမှ ဧပြီ   ၂၅  ရက်တွင် ထုတ်ပြန်အသိပေးခဲ့သည်။
စာမေးပွဲကျင်းပမည့်နေရာ သည် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီရုံး၊   ပင်လုံခန်းမ  (၄၃) ရပ်ကွက်၊  မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင်    ဒဂုံ မြို့သစ်  မြောက်ပိုင်းမြို့နယ်တွင် ဖြစ်ပြီး အမျိုးသားများအနေဖြင့် ရှပ်အင်္ကျီနှင့်   ပုဆိုးဝတ်ဆင်လာ ရန်နှင့် အမျိုးသမီးများအနေဖြင့် မြန်မာဝတ်စုံ    ဝတ်ဆင်လာရန် လည်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ အသိပေးထားသည်။
တိုးချဲ့ခေါ်ယူမည်
၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် သတ္တမအကြိမ်မြောက် အမှတ်ပေး အလုပ်ခန့်ထားမည့်စနစ်ဖြင့် (၁၆)ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်     စာမေးပွဲတွင် မြန်မာနိုင်ငံမှ        လုပ်သားများ ကို      ကိုရီးယားသမ္မတနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်းအတွက် တိုးချဲ့ ခေါ်ယူမည်ဖြစ်ပြီး အဆိုပါလုပ်ငန်း အတွက် ကျား/မ မရွေးဝင်ရောက် ဖြေဆိုခွင့်  ရရှိမည်ဖြစ်ကြောင်း သိရသည်။                           MT