ဒုတိယအကြိမ် ရုရှား - မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဧပြီ   ၁၁


အကြမ်းဖက်မှု    တိုက်ဖျက်ရေး နယ်ပယ်တွင်     တုံ့ပြန်မှုများ လျင်မြန်စွာ     ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ရုရှား - မြန်မာ ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ အစည်း အဝေး ပထမရက်ကို ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့ရှိ  ရုရှားကာကွယ်ရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့  ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး  ကျော်စွာလင်းနှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြ ပြီး ရုရှားဘက်မှ ရုရှားတပ်မတော် ဒုတိယကြည်းတပ်     ဦးစီးချုပ် Lieutenant   General  Mato - vnikov Alexander Anatolyevich နှင့် ကော်မတီဝင် ရုရှားတပ်မတော် မှ အရာရှိကြီးများ တက်ရောက် ကြသည်။
ရုရှားကိုယ်စားလှယ်   အဖွဲ့ ခေါင်းဆောင်  ရုရှားတပ်မတော် ဒုတိယကြည်းတပ်    ဦးစီးချုပ် Lieutenant  General  Mato - vnikov Alexander Anatolyevich က  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် တပ်မတော်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား နွေးထွေး လှိုက်လှဲစွာ ကြိုဆိုခဲ့ပြီး မကြာမီက ကျရောက်ခဲ့သည့်       မြန်မာ့ တပ်မတော်၏  (၇၉)  နှစ်မြောက် တပ်မတော်နေ့နှင့်    မကြာမီ ကျရောက်မည့် နှစ်သစ်ကူးသင်္ကြန် အခါသမယအတွက်   ဂုဏ်ပြု စကားနှင့်    နှစ်နိုင်ငံ   တပ်မတော် နှစ်ရပ်အကြား     ပူးပေါင်းဆောင် ရွက်မှုများကို   အထူးပင်ကျေးဇူး တင်ရှိပါကြောင်း    ပြောကြားခဲ့ သည်။
မြန်မာကိုယ်စားလှယ်  အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက    မြန်မာ့တပ် မတော်ကိုယ်စားလှယ်  အဖွဲ့အား လှိုက်လှဲနွေးထွေးစွာ    ကြိုဆိုမှု အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်    နှစ်ရပ် အကြား ကဏ္ဍစုံပူးပေါင်းဆောင် ရွက်မှုများ    ပိုမိုတိုးတက်ခိုင်မာ လျက်ရှိပါကြောင်းနှင့် နည်းလမ်း မျိုးစုံဖြင့်    ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်    တိုက်ခိုက်မှုများကို လည်း    နှစ်နိုင်ငံ    ပူးပေါင်း၍ လျင်မြန်စွာ တုံ့ပြန်တိုက်ဖျက်နိုင် လိမ့်မည်ဟု  ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍     နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များ  အနေဖြင့် အကြမ်းဖက်တိုက်ဖျက်မှုဆိုင်ရာ နည်းလမ်းကို        အသေးစိတ် ဆွေးနွေးခဲ့ကြပြီး    မဟာဗျူဟာ မြောက်    မိတ်ဖက်ဆက်ဆံရေး စိတ်ဓာတ်ဖြင့် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု    ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ    ကိစ္စရပ်များအား ထပ်လောင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရုရှားတပ်မတော် ဒုတိယကြည်းတပ်      ဦးစီးချုပ် Lieutenant  General   Mato - vnikov Alexander Anatolyevich က မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား နေ့လယ်စာစားပွဲ ဖြင့်    တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်