
နေပြည်တော် ဧပြီ ၁၁
နေပြည်တော် လမ်းလျှောက် သင်္ကြန်ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား - တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဟာ သင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင် ဧည့်ရိပ်သာလမ်းဆုံ ဧရိယာအထိ ကျင်းပမည့် နေပြည်တော်လမ်း လျှောက်သင်္ကြန် ဖွင့်ပွဲအခမ်း အနားအတွက် အစမ်းလေ့ကျင့် ဆောင်ရွက်နေမှုနှင့် ဇုန်များ အလိုက် ပြင်ဆင်ဆောင်ရွက်ထား မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနား တွင် နေပြည်တော်လမ်းလျှောက် သင်္ကြန်မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းနှင့် ဝန်ကြီးဌာန ကိုယ်စားပြု ယိမ်းအကအဖွဲ့များ က သင်္ကြန်မိုးသီချင်းဖြင့် ကပြ ဖျော်ဖြေ၍ အစမ်းလေ့ကျင့် ဇာတ် တိုက်ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးအား ၂၀၂၄ ခုနှစ် မြန်မာ့ ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ အတွင်း မြန်မာ - ကိုရီးယား နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရန်နှင့် ပြည်သူ များအား ဖျော်ဖြေတင်ဆက်ရန် အတွက် လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်၌ သီဆိုကပြဖျော်ဖြေ ကြမည့် ကိုရီးယားနိုင်ငံမှ K-Pop အဆိုတော်များ ဖြစ်ကြသည့် Rejen ၊ Henny နှင့် 7 kids Dream Group ၊ Astel Dance Group ၊ DJ- Saemi တို့က လာရောက် ဂါရဝပြု တွေ့ဆုံနှုတ်ဆက်ပြီး နေပြည်တော် လမ်းလျှောက် သင်္ကြန်ဖွင့်ပွဲအခမ်းအနား အစမ်း လေ့ကျင့်သည့် ယိမ်းအကအဖွဲ့များ နှင့်အတူ ပျော်ရွှင်စွာ ယိမ်းအက များ လိုက်ပါသီဆိုကကြသည်။
ယင်းနောက် ဝန်ကြီးဌာနများ အလိုက် မြန်မာ့ရိုးရာမဟာ သင်္ကြန် ရေကစားမဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာ ရေကစား မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်၊ ရုရှား - မြန်မာချစ်ကြည် ရေးအသင်းမဏ္ဍပ်နှင့် တရုတ် - မြန်မာ - အိန္ဒိယ ချစ်ကြည်ရေး မဏ္ဍပ်များ၌ ဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့ စွာ ရေပက်ကစားနိုင်ရန် ပြင်ဆင် ဆောင်ရွက်ထားမှု၊ စတုဒိသာ ကျွေးမွေးရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ ဇုန်လေးဇုန်ဖြစ်သည့် တိုင်းရင်းသားသင်္ကြန်၊ စတုဒိသာ သင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့် လူငယ်သင်္ကြန်တို့တွင် လည်ပတ် အပန်းဖြေ အနားယူနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှု၊ ဝန်ကြီး ဌာနအလိုက် မြန်မာ့ရိုးရာမဟာ သင်္ကြန် ရေကစားမဏ္ဍပ်များ၌ ဖျော်ဖြေကြမည့် ဝန်ကြီးဌာန ယိမ်းအဖွဲ့များ အစမ်းလေ့ကျင့် ကပြသီဆိုဖျော်ဖြေမှု၊ အစမ်း လေ့ကျင့် ရေပက်ကစားနေမှုတို့ ကို ကြည့်ရှုစစ်ဆေးပြီး လမ်း လျှောက်သင်္ကြန် ကျင်းပမည့် ဧရိယာအတွင်း ရေပြတ်တောက်မှု မရှိစေရေး စီမံဆောင်ရွက်ထား ကြရန်၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန် နှင့် လုံခြုံရေးပိုင်းကိုလည်း အထူး ဂရုစိုက်၍ လစ်ဟာမှုမရှိအောင် စနစ်တကျ ဆောင်ရွက်ထားရှိရန် မှာကြားသည်။
ယခုနှစ် နေပြည်တော် လမ်း လျှောက်သင်္ကြန်တွင် ဝန်ထမ်းများ နှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူ များ စုပေါင်းပျော်ရွှင်စွာဆင်နွှဲနိုင် စေရန် လမ်းလျှောက်သင်္ကြန် ဗဟို မဏ္ဍပ်၌ ပြည်တွင်းမှ နိုင်ငံကျော် အနုပညာရှင်များနှင့် ကိုရီးယား နိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆို တော်များက ပရိသတ်အကြိုက် တေးသီချင်းများကို Music Band ၊ DJ ပညာရှင်များနှင့် တွဲဖက် ၍ ဖျော်ဖြေသွားကြမည်ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဉာဏသိဒ္ဓိ မိသားစုမဟာသင်္ကြန် ရေကစားမဏ္ဍပ်တွင်လည်း နိုင်ငံ ကျော်အနုပညာရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုများအပြင် စတု ဒိသာ အကျွေးအမွေးများဖြင့် လည်း ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။
သီဆိုဖျော်ဖြေသွားမည်
ထို့ပြင် ရုရှား - မြန်မာ ချစ်ကြည် ရေးအသင်းမဏ္ဍပ်၌ ရုရှားနိုင်ငံမှ လူငယ်အနုပညာရှင်အဖွဲ့များက တေးသီချင်းများ သီဆိုဖျော်ဖြေ သွားမည်ဖြစ်ပြီး တရုတ် - မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးမဏ္ဍပ်တွင် လည်း နေ့စဉ် စတုဒိသာအကျွေး အမွေးများဖြင့် ဧည့်ခံကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် လမ်းလျှောက် သင်္ကြန်ကို ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကာလ အတွင်း နေပြည်တော်ရှိ ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ စုပေါင်းပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်၊ ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု၊ ပြည်သူနှင့် အစိုးရ၏ ပေါင်းစည်းမှုနှင့် တစ်သားတည်းဖြစ်မှုတို့ကို ဖော် ဆောင်သည့် ပွဲတော်တစ်ခုအဖြစ် ပြသရန်ရည်ရွယ်၍ သင်္ကြန်အကြို နေ့ဖြစ်သည့် ဧပြီ ၁၃ ရက် ဖွင့်ပွဲ အခမ်းအနားအပါအဝင် ဧပြီ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
သတင်းစဉ်