
နေပြည်တော် ဧပြီ ၁၁
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပထမအကြိမ် စုပေါင်း ရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရတနာစံပရိယတ္တိ စာသင်တိုက် တွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုနှင့်ဇနီး၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီး များ၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များ တက်ရောက်ကြသည်။
သိမ်ဆင်းလောင်းလှူ
ရှေးဦးစွာ ဥပဇ္ဈာယ်ဆရာ တော်မှ ရဟန်းလောင်းများအား သိမ်ဝင်၍ ရဟန်းအဖြစ် သွတ်သွင်း ချီးမြှင့်ပြီး သိမ်ဆင်းဆရာတော်နှင့် သံဃာတော်တို့အား တက်ရောက် လာကြသူများက လှူဖွယ်ပစ္စည်း များဖြင့် သိမ်ဆင်းလောင်းလှူကြ သည်။
ထို့နောက် နေပြည်တော် ဇေယျာသီရိမြို့နယ် သံဃနာယ က အဖွဲ့ဥက္ကဋ္ဌ ရတနာစံပရိယတ္တိ စာသင်တိုက် ဆရာတော် မဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တသာရ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်ချီးမြှင့်သော ပရိတ် တရားတော်ကို နာယူကြည်ညိုကြ သည်။
ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမော ဒနာတရား နာယူကြကာ လှူဒါန်း မှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး တက် ရောက်လာကြသူများကို နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေး သည်။ ယနေ့ကျင်းပပြုလုပ် သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပထမအကြိမ် စုပေါင်း ရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနား တွင် ရဟန်းကိုးပါး၊ သီလရှင် သုံးပါး စုစုပေါင်း ၁၂ ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်း ချီးမြှင့်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်