ပဲခူး - မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲခြင်းကြောင့် ရထားလမ်းချော်ကျမှုဖြစ်ပွားပြီး ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းတွင်လည်း တောင်ငူနှင့် သောင်းတိုင်ကုန်းအကြား မိုင်းပေါက်

 

နေပြည်တော်    ဧပြီ    ၁၀ 
ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူးကုန်းမှ ကလိခရီး စဉ်အဖြစ် ယနေ့  ထွက်ခွာလာသည့် အမှတ်(၆၈၆) အစုန်   ကျောက်ရထားသည်  မွန်ပြည်နယ်  သထုံ မြို့နယ်၊ သိမ်ဆိပ်ဘူတာမှ နံနက် ၆ နာရီ ၅၇ မိနစ် တွင် ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာ အကြား မိုင်တိုင်အမှတ်၊ ၁၂၅/၉-၁၀ အရောက် ရထား ခုတ်မောင်းဖြတ်သန်းစဉ် နံနက် ၇ နာရီ ၅ မိနစ်အချိန် ၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထား သည့်    မိုင်းပေါက်ကွဲခဲ့သဖြင့်   ရထားတွဲဆိုင်းတွင် ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်းရှေ့ မိုင်းကာ တွဲ၊ စက်ခေါင်းနောက်ကပ်လျက် စက်ခေါင်းမောင်း နားနေတွဲနှင့် ကျောက်တွဲ နှစ်တွဲတို့ လမ်းချော်ကျမှု  ဖြစ်ပွားသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ယနေ့ နံနက် ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ် (၈၁)  အဆန်  လူစီးရထားသည်  မွန်းလွဲ  ၁၂  နာရီ ၁၀ မိနစ်အချိန်တွင် ကျိုက်ထိုဘူတာ၌  ခေတ္တရပ်နား ခဲ့ရသည်။    မြန်မာ့မီးရထားက    အဆိုပါရထားဖြင့် လိုက်ပါလာသော ခရီးသည် ၇၄၁ ဦးအား မော်တော် ယာဉ် ရှစ်စီးဖြင့် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်မှစတင်၍ သထုံဘူတာသို့  ပို့ဆောင်ပေးခဲ့သည်။  ထို့အပြင် မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ်(၈၂) အစုန် ရထားသည် ယနေ့ မွန်းတည့် ၁၂ နာရီ  မိနစ်  ၅၀ အချိန်တွင်  သထုံဘူတာသို့ရောက်ရှိခဲ့ရာ  ကျိုက်ထိုမှ မော်တော်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များ ကို  တင်ဆောင်၍ မော်လမြိုင်ဘက်သို့ အမှတ်(၈၁)အဆန်ရထားအဖြစ် ပြန်လည်ထွက်ခွာ ပို့ဆောင်ပေး ခဲ့သည်။ သထုံဘူတာတွင် ရောက်ရှိနေသည့်အမှတ် (၈၂)အစုန်ရထားဖြင့်လိုက်ပါလာသည့် ခရီးသည် ၂၉၈ ဦးအား ကျိုက်ထိုမှရောက်ရှိလာသည့် မော်တော် ယာဉ်များဖြင့် ကျိုက်ထိုဘူတာသို့ ပို့ဆောင်ပေးပြီး ရန်ကုန်သို့  အမှတ်(၈၂) အစုန်ရထားအဖြစ် ဆက်လက် ပို့ဆောင်ပေးခဲ့သည်။ 
မိုင်းပေါက်ကွဲမှုဖြစ်စဉ်   ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်း စစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများအား မတင် ၍ လမ်းပိုင်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ရထားလမ်းပြန်လည်ပြုပြင်ခြင်းတို့ကို  ဆောင်ရွက် လျက်ရှိသည်။ 
အလားတူ ယနေ့  နံနက်  ၆  နာရီ   မိနစ် ၄၀  တွင် ရန်ကုန် - မန္တလေးရထားလမ်းပိုင်းအတွင်း ပဲခူး တိုင်းဒေသကြီး တောင်ငူဘူတာနှင့်  သောင်းတိုင်ကုန်း ဘူတာအကြား    စီမံကိန်း လုပ်ငန်းဆောင်ရွက်နေသော ရထားပြေးဆွဲမှုမရှိသည့် အစုန်လမ်းပေါ်၌   မိုင်း ပေါက်ကွဲမှုတစ်ခု  ဖြစ်ပွားသည်။   ဖြစ်ပွားရာနေရာ သို့   နယ်မြေခံလုံခြုံရေးအဖွဲ့နှင့်   တာဝန်ရှိသူများ သွားရောက်ခဲ့ပြီး ရှင်းလင်းမှုဆောင်ရွက်ရာ   နံနက် ၉ နာရီ  မိနစ် ၃၀ တွင် ပြီးစီးခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍   ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲ/ဖျက်ဆီးခြင်း အကြိမ်(၁၃၀)၊  ရထားတံတား များအား   မိုင်းခွဲဖျက်ဆီးခြင်း  (၅၃)ကြိမ်၊ ဘူတာ အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များကို   မီးရှို့ ဖျက်ဆီးခြင်း (၁၂)ကြိမ်ကျူးလွန်ခဲ့ကြပြီး ဖြစ်သည်။ 
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီး သွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက် အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင် ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်း များအား ရည်မှန်းချက်ထားရှိ၍  စီမံဆောင်ရွက်ပေး လျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများ ကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်းများ၊ တွဲများ၊ ရထားလမ်းများ၊ တံတားများ၊ ကုန်စည်များနှင့် ခရီး သည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက် အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး၊  ရထား ဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့ အပြင် ရန်ကုန် - မန္တလေး ရထားလမ်းအဆင့်မြှင့်တင် ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေး တို့အတွက်  ယုတ်မာပက်စက်သော   ရည်ရွယ်ချက် များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာ ပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက   ပြင်းထန်စွာဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်