ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေးစီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   ဧပြီ   ၉
ဟိုတယ်နှင့်         ခရီးသွားလာရေး ဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေး စီမံချက်     ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင်  ဝန်ကြီးဌာန  ကျောက်စိမ်း ခန်းမ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊  ဒုတိယဝန်ကြီး     ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်၊     ဒုတိယအမြဲတမ်း အတွင်းဝန်နှင့်   ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အရာထမ်း အမှု ထမ်းများ၊  မြန်မာနိုင်ငံ  မီးသတ် တပ်ဖွဲ့မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက  ပူပြင်းခြောက်သွေ့သော နွေရာသီ ကာလကို     ရောက်ရှိလာသဖြင့်   အကြောင်း      အမျိုးမျိုးကြောင့်  မီးလောင်ကျွမ်းမှုများ     ဖြစ်ပေါ် လာပါက   ချက်ချင်းဆောင်ရွက် ရမည့် နည်းလမ်းများကို ဝန်ထမ်း  အားလုံး သိရှိနားလည်ဆောင်ရွက်  တတ်စေရန် ယနေ့အခမ်းအနားကို  ကျင်းပခြင်း        ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန    ရုံးအဆောက်အဦ ပရဝဏ်အတွင်းအပြင်၊   ရုံးပစ္စည်း ကိရိယာများနှင့် အရေးကြီးစာရွက် စာတမ်းများ  မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မတော်တဆ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားလာ ပါက ကိုင်တွယ်ဖြေရှင်းဆောင်ရွက် နိုင်ရန်       ဝန်ထမ်းများအားလုံး မီးဘေးလုံခြုံရေး       စီမံချက်ပါ လုပ်ငန်းစဉ်များကို ကောင်းစွာသိရှိ ထားကြရန်       လိုအပ်ပါကြောင်း၊  ဝန်ထမ်းများအနေဖြင့်  မိမိတို့၏  လုပ်ငန်းတာဝန်များကို    သေချာ လေ့လာသိရှိပြီး      ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ကြရန်နှင့် ဝန်ထမ်းများအားလုံး    မီးဘေး အသိ    သတိရှိစွာ    အထူးဂရုပြု နေထိုင်ကြရန်  တိုက်တွန်း  ပြော ကြားသည်။
ထို့နောက်       မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မီးသတ်ဦးစီးဌာနမှ  တာဝန်ရှိသူများက     မီးလောင်မှု အခြေခံသဘောတရားများ၊ မီးဘေး ကြိုတင်ကာကွယ်ရေးနှင့်    ရှောင် ကြဉ်ရမည့်  အချက်များ၊  မီးငြှိမ်း သတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ မီးငြှိမ်းသတ်ရာတွင်    တွေ့ကြုံရ သည့်        အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။ 
ဆက်လက်၍        ဝန်ကြီးရုံး အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ဝန်ကြီးဌာန၏ မီးဘေးလုံခြုံရေး         စီမံချက်ပါ သာမန်အချိန်၊ မီးလောင်မှုဖြစ်ပေါ် ချိန်နှင့်   မီးလောင်ကျွမ်းပြီးချိန် တို့တွင် လုပ်ဆောင်ရမည့် လုပ်ငန်း စဉ်များကို      ဆောင်ရွက်နိုင်ရန် ကွပ်ကဲမှုအဖွဲ့၊ ကြိုတင်ကာကွယ် တားဆီးရေးအဖွဲ့၊ မီးငြှိမ်းသတ်ရေး အဖွဲ့၊ သယ်ယူရွှေ့ပြောင်းရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊   ပို့ဆောင်ရေးအဖွဲ့ ဟူ၍ အဖွဲ့ (၆) ဖွဲ့ ဖွဲ့စည်း ဆောင် ရွက်ထားရှိမှုများနှင့်      လုပ်ငန်း တာဝန်များကို ရှင်းလင်းပြောကြား ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို    မေးမြန်း ဆွေးနွေးကြသည်။     
သတင်းစဉ်