နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ  တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး         

 

နေပြည်တော်   ဧပြီ    ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု  အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက  ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်(ကြာသပတေးနေ့) ၀၀ ၀၂ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။     


ဆရာတော်ဘုရားကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား     နဂါး နှစ်ကောင်ကျောင်းတိုက်၌ ပူဇော် ထားရှိပြီး      အန္တိမအဂ္ဂိဈာပန အောင်မြင်စွာ     ကျင်းပနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများအား ယနေ့မွန်းလွဲ ပိုင်းတွင်   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ် (ရေ)  နှင့်    ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊   ကောင်စီဝင်များနှင့် ဇနီးများ၊   ပြည်ထောင်စုဝန်ကြီး များနှင့်  ဇနီးများ၊   ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊   ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ  အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်   တိုင်းမှူး နှင့်  တာဝန်ရှိသူများ  လိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ       ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ကြည့်ရှုစစ်ဆေး


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်   ဇနီး၊ အဖွဲ့ဝင်များသည် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ရောက်ရှိကြပြီး      ကျောင်းဝင်း အတွင်း၌      ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား အန္တိမ အဂ္ဂိဈာပနကျင်းပမည့်   နေရာသို့ ပင့်ဆောင်ရန်    စီစဉ်ဆောင်ရွက် ထားရှိမှုများနှင့် ဆရာတော်ကြီး၏ သမိုင်းဝင်ဓာတ်ပုံများ   ပြခန်းကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များကို လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ဖူးမြော်ကြည်ညို


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်နှင့်ဇနီး၊     အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာန နာယက ဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား     ဖူးမြော် ကြည်ညိုကြသည်။  ယင်းနောက် ဆရာတော်ကြီး၏   အန္တိမအဂ္ဂိ ဈာပန ကျင်းပရေးနာယကအဖွဲ့ တွင်     ပါဝင်သည့်     သီလဓမ္မ ကုန်းသာ    တောရကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်) ဆရာ တော်  ဘဒ္ဒန္တကောဝိဒ  အမှူးပြု သည့်  ဆရာတော်ကြီးများနှင့် ဆရာတော်ကြီး၏  ဈာပနအခမ်း အနားသို့    ကြွရောက်တော်မူ သည့်  မိုင်းဖုန်းဆရာတော်  သဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တ ဉာဏသံဝရတို့အား ဖူးမြော်ကြည်ညိုရာ ဆရာတော် ကြီးများက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်   အဖွဲ့ ဝင်များအား  ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ တပ်မတော်    ကာကွယ်ရေးဦးစီး ချုပ်နှင့်ဇနီးတို့က ဆရာတော်ကြီး များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ တပ်မတော်    ကာကွယ်ရေးဦးစီး ချုပ်က နဂါးနှစ်ကောင်ဆရာတော် ကြီး၏ အန္တိမအဂ္ဂိဈာပနအောင်မြင် စွာ ကျင်းပနိုင်ရေး   ဆောင်ရွက် ထားရှိမှုအခြေအနေများ၊   ဆရာ တော်ကြီး၏   အသုံးအဆောင် ပစ္စည်းများကို ပြန်လည်စုဆောင်း ပြုစု၍  ပြခန်းအဖြစ်   ပြသထားရှိ နိုင်ရေး      ဆောင်ရွက်နိုင်မည့် အခြေအနေများအား လျှောက်ထား တင်ပြကာ  ဆရာတော်ကြီးများ ထံမှ ဩဝါဒခံယူသည်။


ဆက်ကပ်လှူဒါန်း


ထို့နောက် ညှိနှိုင်းကွပ်ကဲရေး မှူး (ကြည်း၊ ရေ၊ လေ)၊  ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီ ဝင်များ၊   ပြည်ထောင်စုဝန်ကြီး များနှင့် တပ်မတော်အရာရှိကြီး များသည် ကြွရောက်ချီးမြှင့်တော် မူကြသည့် ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ      ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ တပ်မတော်    ကာကွယ်ရေးဦးစီး ချုပ်နှင့်ဇနီးတို့သည်    ဆရာတော် ဘုရားကြီး၏   ဥတုဇရုပ်ကလာပ် တော်အား    ဖူးမြော်ကြည်ညိုကြသည်။


လမ်းညွှန်မှာကြား


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊       အဖွဲ့ဝင်များသည်  ဆရာတော်ဘုရားကြီး၏   ဥတုဇ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိ ဈာပန ကျင်းပတော်မူမည့် နေရာ သို့ရောက်ရှိကာ စီစဉ်ဆောင်ရွက် ထားရှိမှု    အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး   ဆရာတော်ကြီး ၏  ဥတုဇရုပ်ကလာပ်တော်အား ပင့်ဆောင်ပူဇော်မည့် လမ်းကြောင်း တစ်လျှောက်  သန့်ရှင်းသာယာမှု ရှိအောင်   ဆောင်ရွက်ထားရှိရန်၊ ယာဉ်သွားလာမှုများ  စနစ်တကျ ဖြစ်စေရန်၊      အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာ တော်၊ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၏ သွားလာ ရေး၊    တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးတို့တွင်   အဆင် ပြေချောမွေ့မှုရှိစေရေး     စီစဉ် ဆောင်ရွက်ပေးရန်၊ အခမ်းအနား ကို      စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင်    စီစဉ် ဆောင်ရွက်သွားရန်နှင့်    အခြား လိုအပ်သည်များ      လမ်းညွှန် မှာကြားခဲ့သည်။


အဆိုပါ     နဂါးနှစ်ကောင် ကျောင်းတိုက်     ပဓာနနာယက ဆရာတော်ကြီး   အလောင်းလျာ ကို   ကောဇာသက္ကရာဇ်   ၁၂၉၀ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၉ ရက် (ဗုဒ္ဓဟူးနေ့)တွင်   ခမည်း တော်    ဦးဟောင်၊   မယ်တော် ဒေါ်နန်းပင်းတို့က  ရှမ်းပြည်နယ် (အရှေ့ပိုင်း)  ကျိုင်းတုံမြို့   ယန်း ကိန်ရွာ၌     မွေးဖွားသန့်စင်ခဲ့ပြီး ၁၂၉၉ ခုနှစ် တပေါင်းလပြည့်နေ့ တွင်   ကျိုင်းတုံမြို့   ကျိုင်းယင်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဓမ္မရံသီကို ဥပဇ္ဈာယ်ပြု၍ ရှင်သာ မဏေအဖြစ်သို့   လည်းကောင်း၊ ၁၃၁၀ ပြည့်နှစ်  ကဆုန်လဆန်း ၁၃ ရက်နေ့တွင်  မြင့်မြတ်သော ရဟန်းအဖြစ်သို့  လည်းကောင်း အသီးသီး     ရောက်ရှိတော်မူခဲ့ ကြောင်း၊ သက်တော်   ၁၀   နှစ် အရွယ်တွင် ရှင်သာမဏေဘဝဖြင့် အခြေခံပညာမူလတန်း   ပညာ သင်ယူတော်မူခဲ့ပြီး    ကျိုင်းယင်း ကျောင်းတိုက်ဆရာတော်ထံတွင် ပရိယတ္တိစာပေများကို     ဂုံရှမ်း ဘာသာဖြင့် မူလဓမ္မာစရိယတန်း အောင်မြင်သည်အထိ ပညာသင်ယူ ဆည်းပူးတော်မူခဲ့ကာ ၁၃၂၀ ပြည့် နှစ်တွင် မူလဓမ္မာစရိယကို ဂုံရှမ်း ဘာသာဖြင့်   အောင်မြင်တော်မူခဲ့ ကြောင်း၊  ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင်  နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကို  စတင် ဖွင့်လှစ်တော်မူခဲ့ပြီး    ပရိယတ္တိ စာသင်တိုက်ခွဲ ၄ ခုကို  ဖွင့်လှစ် ထူထောင်ထားရှိကြောင်း၊ စာသင် တိုက်များ၌   ရှမ်းတိုင်းရင်းသား ရဟန်း၊ သာမဏေများအား အစိုးရ ပါဠိပထမပြန်မူအတိုင်း   ဂုံရှမ်း ဘာသာဖြင့်   အခြေပြမူလတန်း၊ အငယ်တန်း၊      အလတ်တန်း၊ အကြီးတန်းများကို သင်ကြားပို့ချ ပေးခြင်းနှင့်      စာမေးပွဲများကို အကြိမ် ၅၀ တိုင်  ကျင်းပပေးခဲ့ ကြောင်း၊ ၁၃၅၅  နှစ်မှ   စတင်၍ ပိဋကတ်သုံးပုံပါဠိတော်နှင့် ဂုံရှမ်း ဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေ ခြင်း၊ ပိဋကတ်သုံးပုံ  ပါဠိတော် အစုံအား      ကျောက်စာချပ်ရေ ၂၅၀၀  ခန့်ဖြင့်    ကျောက်ထက် အက္ခရာတင်ပြီး   တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်  ရင်ပြင်တွင် စိုက်ထူတည်ထားကိုးကွယ်ခြင်း များကို   ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် တာချီလိတ်မြို့အတွင်း ရှိ  အခြေခံပညာအဆောက်အဦ များအတွက်    မြေနေရာများ လှူဒါန်းပေးခြင်း၊ ဘိုးဘွားရိပ်သာ နှင့် မိဘမဲ့လူငယ်ပရဟိတဂေဟာ ကို တည်ထောင်ဖွင့်လှစ်၍ လိုအပ် သောထောက်ပံ့မှုများ ဆောင်ရွက် ပေးခြင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် လိုအပ်သည့်ကျန်းမာ ရေးအထောက်အကူပြု အဆောက် အဦများ ဆောက်လုပ်လှူဒါန်းပေး ခြင်းများ     စသည့်သာသနာပြု လုပ်ငန်းများနှင့်   လူထုအကျိုးပြု လုပ်ငန်းများကို     စွမ်းစွမ်းတမံ ဆောင်ရွက်တော်     မူခဲ့ကြောင်း၊ ဆရာတော်ကြီး၏     သက်တမ်း တစ်လျှောက် ထိုကဲ့သို့သာသနာပြု လုပ်ငန်းများနှင့်   လူထုအကျိုးပြု လုပ်ငန်းများ      စွမ်းစွမ်းတမံ ဆောင်ရွက်တော် မူခဲ့မှုများကြောင့် နိုင်ငံတော်မှ    ၁၉၉၂   ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၂၀၀၁ ခုနှစ်တွင် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ   ဘွဲ့တံဆိပ်တော်၊ ၂၀၀၅ ခုနှစ်တွင်  အဘိဓဇ  အဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ် တော်၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇ မဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီး ချင်းနိုင်ငံဖြစ်သည့်   ထိုင်းနိုင်ငံမှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ် တော်များကိုလည်း ဆက်ကပ်ခံခဲ့ရ ကြောင်း၊  ဆရာတော်ကြီးသည် သက်တော်   ၉၆၊   ဝါတော် ၇၇ ဝါအရောက်    သာသနာတော် ထွန်းကားပြန့်ပွားရေး    လုပ်ငန်း များကို ဆောင်ရွက်တော်မူလျက်ရှိ စဉ်  ဘဝနတ်ထံ  ပျံလွန်တော်မူခဲ့ ခြင်းဖြစ်ကြောင်းနှင့် ဆရာတော် ကြီး၏   အန္တိမအဂ္ဂိဈာပနပူဇာ သဘင်   အခမ်းအနားအား  ဧပြီ ၆ ရက်တွင်   စည်ကားသိုက်မြိုက် စွာ  ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      

   
သတင်းစဉ်