
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက် ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနသည် နိုင်ငံအတွင်းနေထိုင်သူများမှ အသက် (၁၀) နှစ်အထက်ရှိသူများကို electronic စနစ်ဖြင့် ကိုယ်ရေး အချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) တို့ကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း (၁၀) လုံး ပါရှိသည့် UID (Unique Identity Number) သတ်မှတ်ထုတ်ပေး လျက်ရှိသည်။ ယင်းသို့ Biographic/ Biometric အချက်အလက်များ မှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသော အထောက်အထား လက်မှတ်တစ်ခုခုအား တစ်ပါတည်းယူဆောင်လာရန် လိုအပ်ပါ သည်။
မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ နယ်စပ် ဖြတ်ကျော် ဝင်/ထွက် သွားလာရာတွင် သတ်မှတ်ထားသည့် နယ်စပ် ဝင်/ထွက်ဂိတ်များမှ TBP, BP လက်မှတ်များဖြင့် တရားဝင် ဝင်/ထွက် သွားလာခွင့် ခွင့်ပြုပေးလျက်ရှိပါသည်။ အဆိုပါ နယ်စပ်ဝင်/ ထွက်ဂိတ်များမှ ဝင်/ ထွက်ခွင့်ပြုရာတွင် နယ်စပ် အဝင်/ အထွက် လူဦးရေစာရင်းဇယား တိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအတုများနှင့် အသုံးမပြုသည့်ကတ်များအား အသုံးပြု၍ သွားလာခြင်းများကို ထိန်းချုပ်နိုင်ရေးတို့အတွက် UID လက်မှတ် ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေးမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ နယ်စပ်ဝင်/ထွက်ဂိတ်များသို့ TBP, BP လက်မှတ် လာရောက်လျှောက်ထားသူ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့်အတူ UID စာရွက်ပါတစ်ပါတည်း ယူဆောင်လာကြ ပါရန်နှင့် (၁-၅-၂၀၂၄) ရက်နေ့မှစတင်ပြီး UID စာရွက်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေး၍ နယ်စပ်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပါ ကြောင်း ပြည်သူများသို့ ကြိုတင်အသိပေးကြေညာအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန