နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာမှ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဧပြီ  ၃
နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာ စံပြကျေးရွာမှ      အသက်  ၁၅   နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်မှုထမ်းရန်အတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက   ယနေ့ နံနက်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားကြောင်း  သတင်းတု၊ သတင်းအမှားများကို  တရားမဝင် ပြည်ဖျက် မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ     တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိ ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ အခန်း(၁)၊ ပုဒ်မ ၂(ခ)တွင်လည်း စစ်မှုထမ်းရမည့် အသက် အရွယ်ရောက်သူဆိုသည်မှာ        အမျိုးသား ဖြစ်လျှင်  အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်းဟူ၍ ပြဋ္ဌာန်းထားသည့်အတွက် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာမှ အသက်  ၁၅   နှစ်အရွယ်   မောင်ဖိုးချစ် ကို စစ်မှုထမ်းဆောင်ရန်ဖမ်းဆီးသည်ဟု   ဖော်ပြ နေခြင်းမှာ   ကောလာဟလ   သတင်းမှားသာ ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို       အာဏာ တည်သည့်နေ့မှစပြီး    တရားမဝင်ပြည်ဖျက် မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက  ကောလာဟလ   သတင်း အမှားများဖြင့် ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန်အတွက် ဝါဒဖြန့် လှုံဆော်နေခြင်းသာ ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ https://mod.gov.mm/node/74 တွင် ဝင်ရောက်လေ့လာနိုင် ကြောင်း သတင်းရရှိသည်။          သတင်းစဉ်