စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း

 

မုံရွာ  ဧပြီ  ၂


စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ စစ်မှုထမ်း      ဆင့်ခေါ်ရေးအဖွဲ့ (တတိယအကြိမ်)      လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို      ဧပြီ ၁ ရက်က  တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး    အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ       တိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များမှ     တာဝန်ရှိသူများ အနေဖြင့်      ပြည်သူ့စစ်မှုထမ်း ဥပဒေအရ       အကျုံးဝင်သည့် အချက်အလက်နှင့် ကိုက်ညီသော အင်အားများအတိုင်း     သင်တန်း တက်ရောက်မည့်     သူများအား ရွေးချယ်      စေလွှတ်ပေးနိုင်ရေး Time Frame အတိုင်း ဆောင်ရွက် သွားကြရန်      လိုအပ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း    ဆင့်ခေါ်ရေး အဖွဲ့ဝင်များကလည်း   လုပ်ငန်း တာဝန်များကို      အောင်မြင် အောင်      ကြိုးပမ်းဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ ပြည်သူ့ စစ်မှုထမ်း      နည်းဥပဒေနှင့် ပတ်သက်ပြီး      ပြည်သူလူထု အတွင်း    ကျယ်ကျယ်ပြန့်ပြန့်      သိရှိနားလည်အောင်   ကြိုးပမ်း ဆောင်ရွက်ကာ   ပြည်သူ့စစ်မှု ထမ်းများအား   သတ်မှတ်အရေ အတွက်အတိုင်း       အချိန်မီ စုဆောင်းရရှိရေး       ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် သင်တန်း တက်ရောက်      ရာတွင်လည်း      နွေးထွေးပျူငှာစွာဖြင့်    ကြိုဆို လက်ခံကာ    နေထိုင်စားသောက် ရေးကအစ      လိုအပ်ချက်များ မရှိအောင်   တာဝန်ရှိသူများက ဆောင်ရွက်      ပေးသွားကြရန် မှာကြားသည်။  


ယင်းနောက်   ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့   အဖွဲ့ဝင်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က     ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ 


ဆက်လက်ပြီး   တိုင်းဒေသ ကြီး အတွင်းရှိ    ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများက    မိမိတို့ ခရိုင်/မြို့နယ်များ    အတွင်းရှိ ပြည်သူ့စစ်မှုထမ်း   ဆင့်ခေါ်ရေး စာရင်းကောက်ယူရေး    လုပ်ငန်း များ    ဆောင်ရွက်နေမှုများနှင့် ဆက်လက်        ဆောင်ရွက်မည့် လုပ်ငန်း    အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ 


ယင်းနောက် တိုင်းဒေသကြီး/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များက တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ မိမိတို့ဌာနများအလိုက်    ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး   စာရင်း ကောက်ယူရေး   လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက် နေသည့် လုပ်ငန်းအခြေအနေများ ကို ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်   အစည်း အဝေးသို့ တက်ရောက်လာသူများ က  အထွေထွေဖြည့်စွက်အကြံပြု    ဆွေးနွေး    တင်ပြကြပြီးနောက်    တိုင်းဒေသကြီး  ဝန်ကြီးချုပ်က လိုအပ်သည်များ   ဖြည့်ဆည်း ပေါင်းစပ်         ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ 


တိုင်းဒေသကြီး(ပြန်/ဆက်)