အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ကြောင်း ကြေညာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်


အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ကြောင်း ကြေညာခြင်း


ပညာရေးဝန်ကြီးဌာန၊  အဆင့်မြင့်ပညာဦးစီးဌာနရှိ    တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင် သင်တန်း ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၆-၁၂-၂၀၂၃ ရက်နေ့မှ စတင်လက်ခံခဲ့ရာ ၃၀-၄-၂၀၂၄ ရက်နေ့ (နောက်ဆုံး) နောက်ဆုံးထား ၍ လည်းကောင်း၊ ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၅-၂-၂၀၂၄  ရက်နေ့မှ  စတင်လက်ခံခဲ့ရာ  ၁၇-၅-၂၀၂၄  ရက်နေ့  (နောက်ဆုံး) နောက်ဆုံးထား၍လည်းကောင်း  သက်ဆိုင်ရာတက္ကသိုလ် နှင့် ဒီဂရီကောလိပ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ လိုက်သည်။    


အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန