ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁ /၂၀၂၄ ) သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်   မတ်   ၂၉


ပြည်ထောင်စု       ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင်    တာဝန် ထမ်းဆောင်မည့်   ဦးစီးအရာရှိ များလုပ်ငန်းခွင်အကြို   စွမ်းရည် မြှင့်သင်တန်းအမှတ်စဉ်     (၁/ ၂၀၂၄) သင်တန်းဆင်းပွဲကို   ယနေ့ နံနက် ၉နာရီခွဲတွင်  ပြည်ထောင်စု ရွေးကောက်ပွဲ    ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌    ကျင်းပ သည်။
သင်တန်းဆင်းပွဲတွင်    ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးကိုကိုက  သင်တန်းသူ သင်တန်းသားများ    အနေဖြင့် သင်တန်းက သင်ကြားပေးလိုက် သည့် သင်ခန်းစာများအပေါ်တွင် အခြေခံပြီး လက်တွေ့လုပ်ငန်းများ ကို အောင်မြင်စွာ ဆောင်ရွက်နိုင် ရန် လုပ်ငန်းခွင်၌လည်း ဆက်လက် ပြီး     လေ့လာဆည်းပူးကြရန် လိုကြောင်း၊ သင်တန်းသားအရာရှိ များအနေဖြင့်   မြို့နယ်များတွင် ရွေးကောက်ပွဲတာဝန်၊ ရုံးတာဝန် များကို  တာဝန်ခံဆောင်ရွက်ကြ ရမည့်သူများဖြစ်ရာ အသက်ငယ် သော်လည်း တာဝန်မငယ်သည့် အတွက်     ကြိုးကြိုးစားစားနှင့် စေတနာထား ဆောင်ရွက်ကြရ မည်ဖြစ်ပြီး   မြို့နယ်ရှိ   အခြား ဝန်ထမ်းများနှင့်လည်း    တိုင်ပင် ညှိနှိုင်း၍     ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်    လိုကြောင်း၊ ထုတ်ပြန်ထားသည့်      အမိန့် ညွှန်ကြားချက်များကိုလည်း သိရှိ အောင် ဆောင်ရွက်ထားကြရန် လိုကြောင်း၊ သင်တန်းသားအရာရှိ များအနေဖြင့် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲကို တာဝန်ခံရ သည့် ခေါင်းဆောင်ငယ်များ ဖြစ် လာသည့်အတွက် လက်အောက် ဝန်ထမ်းများကို ကျောသားရင်သား မခွဲခြားဘဲ သာရေး၊ နာရေး၊ လူမှု ရေးများတွင်   ကူညီဆောင်ရွက် ပေးခြင်းဖြင့်      လုပ်ငန်းခွင်တွင် ပျော်အောင်ထားရှိစေလိုကြောင်း၊ လာမည့်ရွေးကောက်ပွဲကို အပိုင်းခွဲ ကျင်းပရန် စီမံဆောင်ရွက်လျက် ရှိရာ လူသစ်များသာမကလူဟောင်း များအတွက်ပါ ပထမဆုံးအတွေ့ အကြုံဖြစ်မည့်အတွက် ကြုံလာ သမျှကို စိတ်ဓာတ်ခွန်အားအပြည့် ဖြင့် ကျော်လွှားရန် ပြင်ဆင်ထား ကြစေလိုကြောင်း    ပြောကြား သည်။ 
အဆိုပါ     သင်တန်းဆင်းပွဲ သို့   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊   ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံး တာဝန်ရှိသူများနှင့် သင်တန်း သား   သင်တန်းသူ    ၁၇    ဦး တက်ရောက်ခဲ့ကြကြောင်း  သိရ သည်။    

    
သတင်းစဉ်