မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်ရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းရေး ဆွေးနွေး

 

နေပြည်တော်   မတ်   ၂၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ကို ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန    ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ (ယာပုံ) 
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီး ဌာနမှ       အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်  အဆင့်မြင့်     အရာရှိကြီးများ၊ ဘာသာရပ် တာဝန်ခံများ ပါဝင် တက်ရောက်ကြသည်။
ခရီးသွားလုပ်ငန်းများဆွေးနွေး
တွေ့ဆုံစဉ်    မြန်မာ - ထိုင်း နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး    ဆိုင်ရာများနှင့် ခရီးသွားမြှင့်တင်   ကြော်ငြာရေး ဆိုင်ရာ ကိစ္စရပ်များ၊ အဏ္ဏဝါခရီး သွားလုပ်ငန်းအပါအဝင် ခရီးသွား လုပ်ငန်း  အမျိုးအစားများ  အတူ တကွ ဖော်ထုတ်မြှင့်တင်၍ နယ်စပ် ဖြတ်ကျော် ခရီးသွားလုပ်ငန်းနှင့် နှစ်နိုင်ငံ    ခရီးသွားဧည့်သည်များ လွယ်ကူချောမွေ့စွာ  ဝင်ရောက် လည်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များ၊ နှစ်နိုင်ငံ ခရီးသွားဝန်ကြီး ဌာနတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်း      ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုး ခဲ့ခြင်းအပေါ် ဆက်လက်အကောင်  အထည်ဖော်ရေး      ကိစ္စရပ်များ၊ မြန်မာ - ထိုင်းနှစ်နိုင်ငံ အစိုးရ- ပုဂ္ဂလိကကိုယ်စားလှယ်များ ပါဝင် သော ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ   လုပ်ငန်း အဖွဲ့ ဖွဲ့စည်း၍ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်းများ မြှင့်တင်ဆောင်ရွက် ရေး၊ ရင်းနှီးကျွမ်းဝင်မှု ခရီးစဉ်များ စီစဉ်နိုင်ရေး၊      မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်    ခရီးသွားလုပ်ငန်း ကဏ္ဍတွင်   ထိုင်းနိုင်ငံမှ     ရင်းနှီး မြှုပ်နှံသူများ      ဖိတ်ခေါ်ရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍ များတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ  အပြန်အလှန်ဆွေးနွေးညှိနှိုင်းရေး၊  ထိုင်းနိုင်ငံသို့    လာရောက်သည့်  ပြည်ပ   ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့   ပိုမိုလာရောက် လည်ပတ်ကြရေးအတွက် ခရီးစဉ် များ တိုးချဲ့ရေးဆွဲနိုင်ရေး၊ မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်သော  ထိုင်းခရီးသွား     ဧည့်သည်များ ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေး နှင့် နှစ်နိုင်ငံ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာ    ကိစ္စရပ်များကို     ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြကြောင်း  သိရသည်။              
 သတင်းစဉ်