ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ထုတ်ပေးမှု လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော်      မတ်     ၂၈


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန် ရှိသူများနှင့်အတူ   ယနေ့နံနက် ပိုင်းက  မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့သို့  သွားရောက်၍ မြို့နယ်   အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန     အစည်းအဝေးခန်းမ၌ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ယာယီ ရွှေ့ပြောင်း   နေထိုင်သူများကို သက်ဆိုင်ရာမြို့နယ်   (၅)   ဦး ကော်မတီအဖွဲ့ဝင်များက    လိုအပ် သည့်  အချက်အလက်များ   စိစစ် မေးမြန်းအတည်ပြု ဆောင်ရွက် နေမှု၊    (၅)    ဦးကော်မတီ၏ ထောက်ခံချက်အရ   မြို့နယ်ရုံး ဝန်ထမ်းများက လူတစ်ဦးချင်းစီ ၏ ကိုယ်ရေးအချက်အလက်များ သတ်မှတ်ပုံစံများတွင် ဖြည့်သွင်း ဆောင်ရွက်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ   အိမ်ထောင်စုလူဦးရေ စာရင်းနှင့်    နိုင်ငံသားစိစစ်ရေး ကတ်ပြား     ထုတ်ပေးနေမှုနှင့် ဒေသခံပြည်သူများကို  နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက် မှုအခြေအနေများကို  လှည့်လည် ကြည့်ရှုအားပေးပြီး ပြည်ထောင်စု ဝန်ကြီးက အချက်အလက်များ မှန်ကန်စေရေးအတွက်   လုပ်ထုံး လုပ်နည်းနှင့်အညီ      ဖြည့်သွင်း ဆောင်ရွက်ရေး၊ ၎င်းတို့၏အချက် အလက်များအား   e-ID Server ရှိ   အချက်အလက်များနှင့်    စနစ် တကျ     တိုက်ဆိုင်စိစစ်ဆောင်ရွက် ရေး မှာကြားသည်။
ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံသားကတ်ပြားထုတ်ပေးပြီးသူများအား e-ID စနစ်ဖြင့်   ကိုယ်ရေးအချက် အလက်(Biographic)နှင့်   ဇီဝ ဆိုင်ရာအချက်အလက် (Biome-tric)  တစ်ပါတည်းကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ   Unique ID နံပါတ်ထုတ်ပေးနေမှုအခြေအနေ များကို       ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများကို လုပ်ငန်းဆောင်ရွက် ပေးမှုအပေါ်    တွေ့ကြုံရသည့် အခက်အခဲများကို     မေးမြန်း ဆွေး‌နွေး၍      ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းသို့   ဆောင်ရွက်ပေးရာ တွင်   ပျော်ဘွယ်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း  ၂၅  စောင်နှင့်    နိုင်ငံသားစိစစ်ရေး ကတ်ပြား ၈၇  ကတ်  ထုတ်ပေးနိုင် ခဲ့ပြီး နိုင်ငံသားကတ်ပြားရရှိပြီးသူများကို တစ်ပါတည်း တစ်နေရာ တည်းတွင်  e-ID  စနစ်အတွက် Biometric ကောက်ယူခဲ့သည်။ 
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန     အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက  ခရိုင်၏  နယ်မြေ ဒေသအခြေအနေနှင့် ခရိုင်အတွင်း မြေပြင်ကွင်းဆင်း        စာရင်း ကောက်ယူမှု၊ ပန်းခင်းစီမံချက်နှင့် Biometric ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်မှုနှင့်    သန်းခေါင် စာရင်း  ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းအခြေအနေများကို    ရှင်းလင်းတင်ပြ သည်။ 
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးက  ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဆောင်ရွက် မည့်   ပြည်လုံးကျွတ်သန်းခေါင် စာရင်း    ကောက်ယူရေးအတွက်  ကြိုးပမ်း    ဆောင်ရွက်နေမှုနှင့်   လုပ်ငန်းများ    အောင်မြင်ရေး အတွက်  ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက်ပေး နိုင်ရေး     အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးသည်   ရမည်းသင်းခရိုင် ဦးစီးမှူးရုံးသို့    သွားရောက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု၊  ရမည်းသင်းမြို့နယ်   ဦးစီးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြား  မရှိ သေးသူ၊  လဲလှယ် လျှောက်ထားသူ ဒေသခံပြည်သူများကို   ဝန်ထမ်း များက     ပန်းခင်းစီမံချက်ဖြင့်  စိစစ်ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ ဆောင်ရွက်ပြီးပါက   e-ID     စနစ် အတွက် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါ တည်း ဆောင်ရွက်ပေးနေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှု ကာ  လာရောက်ဆောင်ရွက်ကြ သည့်     ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး သည်။ 
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်  မြို့နယ်ဦးစီးမှူးရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေး ဖိုင်များ      စနစ်တကျသိမ်းဆည်း ထားရှိမှု၊ ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် တိုက်ဆိုင် စိစစ်ဖြည့်သွင်းနေမှုနှင့်        ရုံး အဆောက်အဦ       အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 
ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးသည် ခရိုင်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌   ဝန်ထမ်း များကို    တွေ့ဆုံကာ     လုပ်ငန်း လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့်   အစီအစဉ် များကို    ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏  တင်ပြချက်များ ကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ 
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်   ရမည်းသင်းခရိုင် ဧည့်ရိပ်သာ၌      ဝန်ထမ်းများနှင့် အတူ   နေ့လယ်စာကို  လက်ရည် တစ်ပြင်တည်း       အတူတကွ သုံးဆောင်ခဲ့ပြီး        ဝန်ထမ်းစားရိပ် သာအတွက်     ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။  

           
သတင်းစဉ်