ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

 

နေပြည်တော် မတ် ၂၈


ဆက်သွယ်ရေး    ကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်း   လုပ်ကိုင်ခွင့် အမိန့်နှင့်ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း က  နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့   ပြန်ကြား ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်၊  ဌာနဆိုင်ရာအကြီး အကဲများ၊  ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊  မြန်မာ နိုင်ငံဂီတအစည်းအရုံး   (ဗဟို)ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ ဝင်များ၊  ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက    ယနေ့ ခေတ်တွင်   ရုပ်ရှင်ကားများကို ရုပ်ရှင်ရုံများအပြင် ဆိုရှယ်မီဒီယာ (အွန်လိုင်း)မှတစ်ဆင့် အက်ပလီ ကေးရှင်းများ၊ ဖေ့စ်ဘွတ်၊  you-tube ၊ Viber ၊ Telegram  များမှ Account ၊ Page၊ Group၊ Website များ တည်ထောင်ပြီး ထုတ်လွှင့် ပြသနေသည်ကို တွေ့ရကြောင်း။

 

အွန်လိုင်းမှ ပြသနေသည့်ရုပ်ရှင် ကားများသည် ရုံတင်ရုပ်ရှင်ကား များကဲ့သို့ ဆင်ဆာအဖွဲ့ကိုတင်ပြီး ခွင့်ပြုချက်ရမှ ပြသသည့်ကားများ မဟုတ်သည့်အတွက်  နိုင်ငံတော် ၏ မူဝါဒများ၊ ဘာသာရေး၊ လူမျိုး ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ အမျိုးသားယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ထိခိုက်စော်ကား မှု၊  ရက်စက်ကြမ်းကြုတ်မှုများ သည် မောင်နှင့်နှမ၊ သားနှင့်အမိ ကြည့်ရှုရန်    မလျော်ညီသည့် အပြောအပြများ၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြား ချက်၊   လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသည့် အပြောအပြများ ပါဝင်နေသည်ကို တွေ့ရကြောင်း၊ ထိုအရာများကို     ဗန်းပြပြီး အွန်လိုင်း    လောင်းကစားဒိုင် တည်ထောင်ခြင်း၊  လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု    ဆောင်ရွက်ခြင်း များ လုပ်ဆောင်နေသည်ကိုလည်း တွေ့မြင်ရကြောင်း။


ထိုကဲ့သို့ မလိုလားအပ်သည့် အဆိပ်အတောက်များ၊   အဖျက် အမှောင့်များသည် လူငယ် လူရွယ် များ၏ တွေးခေါ်မြော်မြင်မှုများ၊ ခံစားနားလည်မှုနှင့် လုပ်ဆောင်မှု များကို လွဲမှားလာစေနိုင်ကြောင်း၊ အလားတူ   နိုင်ငံတော်အနေဖြင့် ယခုကဲ့သို့ ထုတ်လွှင့်ပြသနေခြင်း ကို    စနစ်တကျဖြစ်စေရေးနှင့် ကြီးကြပ်တည့်မတ်   ပေးနိုင်ရေး  တရားဝင်အသိအမှတ်ပြု လက်မှတ် ထုတ်မပေးနိုင်သည့်အတွက် နိုင်ငံ တော်က ရသင့်ရထိုက်သည့် အခွင့် အရေးများ  ဆုံးရှုံးနေရကြောင်း။


ထို့ကြောင့် ခေတ်နှင့်လျော်ညီသည့် မြန်မာ့ရုပ်ရှင်ဥပဒေသစ် ညှိနှိုင်း ရေးဆွဲနေဆဲ  အချိန်ကာလဖြစ် သည့်အတွက်  ဥပဒေသစ် မပေါ် ပေါက်မီစပ်ကြားတွင် တိုးတက် ခေတ်မီသည့် ဒစ်ဂျစ်တယ်နည်း ပညာအသုံးပြု  ရုပ်ရှင်ထုတ်လုပ် ပြသမှုလုပ်ငန်းများနှင့် ပတ်သက် ပြီး   အတိုင်းအတာတစ်ခုအထိ စနစ်တကျရှိစေရန်၊ ရသင့်ရထိုက် သည့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာ ငွေများ ဆုံးရှုံးမှုမရှိစေရန်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့ ထုံးတမ်းကို ပျက်ပြားစေနိုင်သည့် ရုပ်ရှင်ကား ထုတ်လုပ်ပြသမှုများ ကို တားမြစ်ပိတ်ပင်နိုင်စေရန်နှင့် ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ကား များသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊  မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကိုအထောက် အကူဖြစ်စေပြီး     မြန်မာ့ရုပ်ရှင် အဆင့်အတန်းတိုးတက်စေရေးကို အထောက်အကူဖြစ်စေရန်အတွက်  ဆက်သွယ်ရေးကွန်ရက်ကို အသုံး ပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသ ခြင်းလုပ်ငန်းကို     အရေးကြီး   ဝန်ဆောင်မှုအဖြစ်    သတ်မှတ်နိုင် ရေးဆောင်ရွက်ခဲ့ကြောင်း။


ပြည်ထောင်စုအစိုးရအဖွဲ့က အပ်နှင်းသည့်   အမိန့်ထုတ်ပြန် နိုင်ခွင့်ကို ကျင့်သုံးပြီး  မတ် ၁၃ ရက်တွင်   ပြန်ကြားရေးဝန်ကြီး ဌာနက ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှု     လုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို   အမိန့် ကြော်ငြာစာအမှတ် (၃၁/၂၀၂၄) ဖြင့်လည်းကောင်း၊ ဆက်သွယ်ရေး ကွန်ရက်ကို  အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို    အမိန့် အမှတ် (၃၂/၂၀၂၄)ဖြင့်  လည်း ကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့   အခွင့် အာဏာအပ်နှင်းသည့်  အမိန့်ကို အမိန့်ကြော်ငြာစာအမှတ် (၃၃/ ၂၀၂၄) ဖြင့်  လည်းကောင်း ထုတ် ပြန်ခဲ့ကြောင်း။       အမိန့်အရ အမိန့်ထုတ်ပြန်သည့် မတ် ၁၃ ရက်မှ စတင်ပြီး   တစ်လပြည့် မြောက်သည့်အချိန်တွင်   စတင် အာဏာသက် ဝင်မည်ဖြစ်သကဲ့သို့ အမိန့်ကို    လိုက်နာမှုမရှိသည့် လုပ်ငန်းများကို အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅  အရ အရေးယူဆောင်ရွက်မှုများ လုပ် ဆောင်သွားမည်   ဖြစ်ကြောင်း။


အမိန့်အရ လုပ်ငန်းအမျိုးအစား သုံးမျိုးရှိပါကြောင်း၊   ၎င်းတို့မှာ ဆက်သွယ်ရေးကွန်ရက်ကို အသုံး ပြုပြီး ရုပ်ရှင်ရုံတည်ထောင်ခြင်း၊   ရုပ်ရှင်ဆိုင်ရာ အက်ပလီကေးရှင်း လွှင့်တင်ခြင်းနှင့်  ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍    ရုပ်ရှင် ကားထုတ်လွှင့်ပြသခြင်းတို့      ဖြစ် ကြောင်း။


နိုင်ငံတော်အနေဖြင့်  လိုအပ် သည့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် ထုတ်ပြန်မှုများသည်   အားလုံး အတွက်    လိုအပ်ချက်များကို ထိန်းသိမ်းရန်    ဖြစ်ကြောင်း၊ ချုပ်ကိုင်ရန်  မဟုတ်ပါကြောင်း၊ ထုတ်ပြန်သည့်အချက်များသည် ကိုယ့်လုပ်ဖော်   ကိုင်ဖက်များကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပါ ကြောင်း။ ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့်   ယခုအမိန့်ကို ထုတ်ပြန်ခဲ့သည့်အတွက်   စနစ် တကျလုပ်ငန်း   လုပ်ကိုင်သူများ အတွက်လည်း    ဥပဒေနှင့်အညီ  အကာအကွယ်ပေးနိုင်မည် ဖြစ်ပါ ကြောင်း၊ ယနေ့ခေတ်တွင် ရုံတင် ကြည့်ရှုသူများသာ မြင်ရကြားရ သည်မဟုတ်ဘဲ      နည်းပညာ တိုးတက်လာမှုအရ ကမ္ဘာတစ်ဝန်း ရှိသူ  အားလုံးကြည့်ရှုနိုင်ကြသည့် အတွက်စိစစ်ပြီး ရုပ်ရှင်ကားများ ကိုသာ    ထုတ်လွှင့်ပြသခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုရိုးရာဓလေ့ကို ထိခိုက်ခြင်းမရှိစေသော ရုပ်ရှင် ကားများကို ပြသနိုင်မည်ဖြစ်သည့် အတွက် မိမိတို့လူမျိုး၏  တန်ဖိုး ကို ကမ္ဘာကသိအောင်   ပြသနိုင် မည်ဖြစ်ပါကြောင်း    ပြောကြား သည်။


ထို့နောက်     ဒုတိယဝန်ကြီး ဦးရဲတင့်က  တရားမဝင်လုပ်ငန်း များကို      တရားဝင်ဖြစ်စေရန် နှင့် ဖောက်ဖျက်ကျူးလွန်မှုရှိပါက အရေးယူနိုင်ရေး၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို   ထိခိုက်စေနိုင် မည့်ကိစ္စရပ်များအား   ကန့်သတ် တားဆီးနိုင်ရေးတို့နှင့်  စပ်လျဉ်း၍   ဆွေးနွေးပြောကြားသည်။


ယင်းနောက်  ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်သွယ် ရေး ကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင် ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်   အမိန့်ထုတ်ပြန်ရ သည့်  နောက်ခံအကြောင်းရင်း၊ ဖြစ်ပေါ်လာသည့်  အကျိုးဆက် များ၊ ရည်ရွယ်ချက်၊ ရရှိလာမည့် အကျိုးကျေးဇူး၊  အမိန့်ထုတ်ပြန် ရန်    လုပ်ငန်းဆောင်ရွက်ခဲ့မှု အဆင့်ဆင့်၊  အမိန့်ထုတ်ပြန်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံး ပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသ ခြင်းလုပ်ငန်းကို      အရေးကြီး ဝန်ဆောင်မှု       လုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်၊       အမိန့် အား လိုက်နာဆောင်ရွက်နိုင်ရန် အကောင်အထည်    ဖော်ဆောင် ရွက်မည့်အစီအစဉ်တို့နှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဥပဒေရေးရာ ဝန်ကြီးဌာန    ဒုတိယညွှန်ကြား ရေးမှူးချုပ်  ဒေါ်အေးအေးဝင်းက   ဥပဒေပိုင်းဆိုင်ရာများနှင့် စပ်လျဉ်း ၍ လည်းကောင်း၊   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က  ရုပ်မြင်သံကြား နှင့် ဗီဒီယိုဥပဒေနှင့် ယခုလုပ်ကိုင် ခွင့်   အမိန့်တို့ပါ    အချက်များနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေး တင်ပြကြသည်။


ထို့နောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ   ဦးကြည်စိုး ထွန်း၊  မြန်မာနိုင်ငံ  ဂီတအစည်း အရုံး (ဗဟို)ဥက္ကဋ္ဌ  ဦးလွင်မြင့်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ   ရဲမှူးကြီး ညွန့်ဝေ၊ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးသိန်းထွန်းအောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး     အတွင်း ရေးမှူး ဦးဇော်မြင့်ဦးနှင့်   အမြဲ တမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် တို့က မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့စရိုက်ကို ပျက်ပြားစေ နိုင်သော  ရုပ်ရှင်ကားထုတ်လွှင့် ပြသမှုများအား ဥပဒေနှင့်အညီ ထိန်းချုပ်နိုင်ရေး၊      သတ်မှတ် စည်းကမ်းချက်များနှင့်   အညီ လိုက်နာဆောင်ရွက်ရေး၊ ထိထိ ရောက်ရောက်အရေးယူ   ဆောင် ရွက်နိုင်ရေးတို့နှင့်   စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး   နိဂုံးချုပ် အမှာစကား ပြောကြားသည်။ 

သတင်းစဉ်